ပြည်နယ်ပါတီအတွင်းရေးမှူး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီများနှင့် တွေ့ဆုံ

13256069_1730309697256839_5580277552863451375_n

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသန့်ဇင် နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲကို မေ(၂၆)ရက်၊ နေ့လည် (၁၂)နာရီချိန်က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါတွေဆုံပွဲတွင် ပြည်နယ်ပါတီအတွင်းရေးမှူးမှ ပါတီရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ပါတီစည်းမျဉ်း စည်းကမ်းများ၊ ဗဟိုပါတီဌာနချုပ်၏ လမ်းညွန်ချက်များကို ရှင်းလင်းပြောကြာခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်(၂) ခရိုင်မှ ပါတီအတွင်းရေးမှူးနှင့် ပါတီကော်မတီ ဝင်များ၊ မြို့နယ်(၈)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များနှင့် ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား(၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မုဒုံသား


Leave a Reply