တရုတ်တွင် ၅၈ စက္ကန့်အတွင်း Mi Mix 2 များ ရောင်းကုန်သွား “

Xiaomi က တရုတ်တွင် စက်တင်ဘာလ 15 ရက်နေ့မှာ Mi Mix 2 ရဲ့ ပထမအသုတ်ကို ရောင်းချပေးလိုက်ပါတယ်။ Xiaomi ကရောင်းချရတဲ့ စမတ်ဖုန်းအလုံးရေကို ကြေညာခြင်းမရှိပေမယ့် 58 စက္ကန့်အတွင်းမှာ စမတ်ဖုန်းအားလုံးရောင်း ကုန်သွားတယ်လို့ ပြောပါတယ်။

အဲဒီနေ့မှာပဲ Xiaomi က Mi Note 3 စမတ်ဖုန်းများကိုလည်း ရောင်းချပေးခဲ့ပေမယ့် သူ့ရဲ့ရောင်းအားကို ပြောကြားခြင်းမရှိပါဘူး။
တရုတ်မှ ဈေးကွက်သုတေသနပညာရှင် Sun Changxu က Xiaomi ဟာ ပထမအသုတ်မှာ Mi Mix 2 စမတ်ဖုန်း အလုံးရေ 10 သန်းကျော် ရောင်းချရမယ်လို့ တွက်ချက်ထားပါတယ်။ သူမက ဒေါ်လာ 500 ကျော်တန် စမတ်ဖုန်းကို ဒီလောက်အချိန်တိုအတွင်းမှာ ဝယ်ယူသွားတာ အံ့သြစရာ ကောင်းတယ်လို့ ပြောပါတယ်။ Xiaomi က Storage နဲ့ RAM ကွဲပြားတဲ့ Mi Mix 2 မော်ဒယ်များစွာ ထုတ်လုပ်ပေးထားပါတယ်။
မြန်မာငွေအားဖြင့် တန်ဖိုး အနည်းဆုံးမော်ဒယ်မှာ ၆၈ဝ,ဝဝဝ ဝန်းကျင်နဲ့ တန်ဖိုးအကြီးဆုံး မော်ဒယ်မှာ ၁,၁၃ဝ,ဝဝဝ ဝန်းကျင် ကျသင့်နိုင်ပါတယ်။ 6GB+64GB ကို €420, 6GB+128GB ကို €460, 6GB+ 256GB ကို €510 နဲ့ 8GB+128GB ကို €700 သတ်မှတ်ထားပါတယ်။ Xiaomi ဟာ စမတ်ဖုန်းအသစ်များကို အချိန်တိုအတွင်း ရောင်းချနိုင်တဲ့ မှတ်တမ်းကောင်းများ ရှိပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက မိတ်ဆက်ခဲ့တဲ့ Mi 6 ဟာလည်း အချိန်တိုအတွင်းမှာ ကုန်သွားခဲ့ပါတယ်။ Mi Mix 2 ကို တရုတ်မှာ ဝယ်ယူချင်သူများအတွက် စက်တင်ဘာလ 19 ရက် နေ့မှာ ဒုတိယအသုတ်ကို ရောင်းချပေးမှာဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)