Android ဂိမ်းများ ကစားနိုင်မည့် Gameband စမတ်နာရီ

MTwo Game ဟု အမည်ရသော ကုမ္ပဏီသည် စမတ်နာရီတွင် မိုဘိုင်းဂိမ်းများ ကစားနိုင်မည့် Gameband ထုတ်ကုန်အတွက် Kickstarter တွင်ရန်ပုံငွေ စုဆောင်းလျက်ရှိသည်။

 

Gameband စမတ်နာရီတွင် Android Wear OS ထက် Android Marshmallow 6.0.1 အသုံးပြုထားသည်။ ၎င်း၏ စတုရန်း မျက်နှာပြင် အရွယ်အစားမှာ ၁.၆ လက်မရှိပြီး ရုပ်ထွက်အရည်အသွေး 320 x 320 နှင့် AMOLED display အသုံးပြု ထားသည်။ စမတ်နာရီတွင် Qualcomm Snapdragon 2100 ပရိုဆက်ဆာ၊ RAM 512MB ဖြစ်ပြီး storage မှာ 256 GB အထိ တိုးချဲ့အသုံးရန် microSD card slot ပါဝင်သည်။ ထို့အပြင် Wi-Fi hardware ပါဝင်သော်လည်း ဆယ်လူလာ ကွန်ရက် များအတွက် ထောက်ပံ့မှု မပါဝင်ပေ။

Gameband တွင် calendar, alarm နှင့်အခြား အခြေခံ app များပါဝင်သေးသည်။ Gameband ကို အထူးဗားရှင်း နှစ်မျိုးဖြင့် ထုတ်လုပ်ထားသည်။ Atari edition တွင် Atari Red နှင့်အတူ ဂိမ်းကုမ္ပဏီ၏ လိုဂိုပါဝင်သော လက်ပတ်လည်း ပါဝင်သည်။ ထို့အပြင် Pong, Centipede နှင့် အခြားနာမည်ကျော် Atari mini ဂိမ်းပေါင်းများစွာ ပါဝင်သည်။

နာမည်ကျော် indie sandbox action-adventure ဂိမ်းကို အခြေခံထားသော Gameband ဗားရှင်းတွင် Terraria mini ဂိမ်း ပါဝင်လာသည်။

Gameband ၏ထူးခြားသည့် feature တစ်ခုမှာ PC ဂိမ်းများ ကစားနိုင်ခြင်း ဖြစ်သည်။ ၎င်းကို adapter နှင့်အတူ microSD port မှတစ်ဆင့် ချိတ်ဆက်ကစားရမည်ဖြစ်သည်။ ကုမ္ပဏီ၏ ကိုယ်ပိုင် PixelFurnace software ဖြင့် Gameband ဂိမ်း တချို့ကို download ပြုလုပ်၍ install လုပ်နိုင်မည်ဖြစ်သည်။

Gameband ၏ Atari သို့မဟုတ် Terraria ဗားရှင်းကို ဒေါ်လာ ၁၇၉ ဖြင့် မှာယူနိုင်မည် ဖြစ်သည်။ Gameband ကို စက်တင် ဘာလ ၂၀၁၇ ခုနှစ်တွင် ရန်ပုံငွေ ထောက်ပံ့ထားသူများသို့ တင်ပို့ရောင်းချ သွားမည်ဖြစ်သည်။

# Internet Journal