Facebook မှာ myanmar unicode နဲ့ Zawgyi ကို Auto ပြောင်းအောင် ဘယ်လိုလုပ်မလဲ။

Facebook ရဲ့ version အသစ်မှာ မြန်မာစာ unicode နဲ့ zawgyi ဆိုပြီး Font နှစ်မျိုးကွဲနေတဲ့ ပြဿနာကို Facebook က ဖြေရှင်းလိုက်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် Facebook app တစ်ခုတည်း အတွက်ပဲ ဖြစ်တာကြောင့် အခြား စနစ်တွေမှာ မြန်မာလို သုံးဖို့အတွက်တော့ အဆင်မပြေသေးပါဘူး။ ဥပမာ Messenger ပို့တဲ့နေရာမှာ Zawgyi font ကတော့ လိုအပ်နေဦးမှာပါ။ ဒါကြောင့် ပိုပြီး အဆင်ပြေသွားမှာက unicode နဲ့ Facebook မှာ ရေးထားတာတွေကို အခက်အခဲမရှိ ဖတ်နိုင်မှာပဲဖြစ်ပါတယ်။

iOS သုံးသူတွေအတွက်ကတော့ Facebookနောက်ဆုံး version 136.0 ဟုတ်မဟုတ်အရင်ကြည့်ပါ။ မဟုတ်ဘူးဆိုရင်တော့ App Store မှာ update လုပ်ပါ။ အားလုံးပြီးရင်တော့ Zawgyi Profile ကို ဖျက်ပစ် ရပါမယ်။ အဲလိုမဖျက်ဘူးဆိုရင် font တွေလွဲနေတာကိုတွေ့ရပါမယ်။ MyFont ထဲကို ပြန်ဝင်ပြီး Zawdecode profile ကို ပြန်ထည့်ရင် စာလုံးတွေ အဆင်ပြေပြေ ပေါ်သွားမှာပဲဖြစ်ပါတယ်။

Android ဖုန်းတွေအတွက်ကတော့ Facebook က version ကို App setting ထဲမှာ ဝင်ကြည့်ပြီး နောက်ဆုံး Version 136.0.0.22.91 ဟုတ်မဟုတ်ဝင်ကြည့်နိုင်ပါတယ်။ အကယ်လို့ နောက်ဆုံး Version မဟုတ်ဘူး ဆိုရင်တော့ Playstore ထဲဝင်ပြီး Facebook ကို update ဝင်လုပ်နိုင်ပါတယ်။ Update လုပ်ပြီးပြီဆိုရင်တော့ Myanmar Unicode နဲ့ Zawgyi ကို အလိုအလျောက် ပြောင်းပေးမှာဖြစ်ပါတယ်။ unicode ကို သီးသန့်သုံးတဲ့ သူတွေလည်း Facebook version အသစ်မှာ zawgyi font နဲ့ ရေးသားထားတာတွေကို ဖတ်နိုင်တော့မှာ ဖြစ်ပါတယ်။

Zawgyi နဲ့ unicode အပြန်အလှန်အလိုအလျှောက်ပြောင်းပေးတဲ့ စနစ်ကို Facebook account တိုင်း မရပါဘူး။ see convertion ရနေတဲ့ Account ပိုင်ရှင် အချို့မှာတော့ အလိုအလျှောက်ပြောင်းပေးတဲ့ စနစ်ကို မရတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် အကောင့်တော်တော်များများမှာ Zawgyi နဲ့ unicode ကို အလိုအလျှောက် အပြန်အလှန်ပြောင်းပေးတာတွေ့ရပါတယ်။

-စည်သူ