Group Certificate in Logistics & Supply Chain Management သင်တန်း ဖွင့်လှစ်မည်

Logistics & Supply Chain Management အား စိတ်ဝင်စားသူများနှင့် နိုင်ငံတကာ ကုမ္ပဏီကြီးများတွင် တာဝန်ထမ်းဆောင်တဲ့ Middle Management Level, Head of Department, Top Management Level များအတွက် ရည်ရွယ်၍ Group Certificate in Logistics & Supply Chain Management သင်တန်းကို WISE College မှ အောက်တိုဘာလ ၁၄ရက်တွင် စတင်ဖွင့်လှစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို Purchasing, Warehouse နှင့် Distribution တာဝန်တစ်ခုခုတွင် တာဝန်ထမ်းဆောင်နေကြပြီး ဖော်ပြပါ တာဝန်(၃) မျိုးလုံးကို Logistics Manager ရာထူးဖြင့် တာဝန်ထမ်းဆောင်လိုသူများ၊ လုပ်ငန်းရှင်များအနေနဲ့ Logistics Manager များ ခန့်အပ်ပြီး ကုမ္ပဏီရဲ့ Purchasing, Warehouse နဲ့ Distribution Cost များ လျော့ကျစေလိုသူများ၊ နိုင်ငံတကာရင်းနှီးမြှပ်နှံ့မှုနဲ့ အကျိုးတူဖက်စပ် ကုမ္ပဏီတွေရဲ့ Importing # Production # Distribution တို့တွင် Logistics Manager ရာထူးနဲ့ အဆင့်မြင့်တာဝန်တွေကို လုပ်ကိုင်လိုသူတွေ တက်ရောက်သင့်ကြောင်း သိရပါတယ်။ သင်တန်းကို Logistics & Supply Chain Management လက်တွေ့ လုပ်ငန်းခွင်တွင် နှစ်ပေါင်း (၄၀) ကျော် အတွေ့အကြုံရှိသော ဆရာကြီး Dean Than Aung (Chairman- Dean Consultancy Services Co., Ltd.) မှ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သင်ကြားမယ့်ခါင်းစဉ်တွေက Certificate in Purchasing Management, Certificate in Warehousing Management, Certificate in Distribution Management, Certificate in Top Management for Logistics, Supply Chain Management စတာတွေကို သင်ကြားရမှာ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ Certificate (၄) ခုနဲ့အတူ “Group Certificate” (၁) ခုထပ်မံ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကာလအနေနဲ့ ၂ လ ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းကို အစောဆုံး အပ်နှံသူတွေကို ၂၀ ရာခိုင်နှုန်း Discount ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက WISE College ဖုန်း ၀၉- ၄၄၀၄၆၃၈၁၉၊ ၀၉- ၄၄၀၃၇၈၇၈၁ သို့ ဆက်သွယ်စုံစမ်း နိုင်ပါတယ်။

(Internet journal)