ရိုဟင်ဂျာဆိုတာ တမင်သက်သက်ဖန်တီးထားတဲ့ နိုင်ငံရေးအရ အမှတ်အသား တစ်ခုသာဖြစ်

 

အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲတွင် နိုင်ငံ တကာရေးရာသုတေသီဦးကိုကိုလှိုင်က နိုင်ငံတကာတွင်ဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်များနှင့် နှိုင်းယှဉ်လေ့လာကာသုံးသပ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်း ပညာရှင်ဒေါက်တာရင်ရင်နွယ်ကကုလသမဂ္ဂစနစ်နှင့်နိုင်ငံတကာသဘောတူညီ ချက်များကိုလေ့လာသုံးသပ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးမှုအပေါ် တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပညာရှင်များက ပြန်လည်ဖြေကြားခဲ့မှုများ ကိုဖော်ပြပေးလိုက်ပါသည်။

မေး။ ရိုဟင်ဂျာဆိုတဲ့နာမည်ဟာ ဘာ အဓိပ္ပာယ်ပါလိမ့်။ နောက်ရိုဟင်ဂျာ ဘယ်အချိန်က အမည် နာမပေါ်လာပါသလဲ သိချင်ပါ တယ်။

ဒေါက်တာမှုထန်(ချင်းပြည်နယ်)

ဖြေ။ဟုတ်ကဲ့။ရိုဟင်ဂျာဆိုတဲ့အမည်ပေါ်ပေါက်လာပုံနဲ့သူ့ရဲ့အဓိပ္ပာယ်တွေနဲ့ပတ်သက် ပြီးတော့Gandamar Wholesaleဆွးနွေးပွဲမှာတော့ ကျွန်တော် ချန်ထားခဲ့တာဖြစ်ပါ တယ်။ အဲ့ဒီတော့ ဆရာ ဒေါက်တာမှုထန်က သိချင်တယ်ဆိုတော့ ကျွန်တော် နည်းနည်း လေး ပြန်တင်ပြချင် ပါတယ်။

ရိုဟင်ဂျာဆိုတဲ့စကားကိုစပြီးတော့မှ နိုင်ငံတကာစာပေတွေမှာ တွေ့ရတဲ့ ဥစ္စာက ၁၈ဝ၁ ခုနှစ်က စကော့လူမျိုးပေါ့။ သွားဆရာဝန် ဖရန့်စစ်ဘီကန်နန်က နေပြီးတော့ အမရပူရ နေပြည်တော်ကို ရောက်လာပြီးတော့သူက ဘာသာစကား ကို စိတ်ဝင်စားတဲ့အတွက် ကြောင့်မို့ အဲ့ဒီမှာပြောတဲ့ ဘာသာစကားတွေကို လေ့လာတဲ့အခါကျတော့ အဲ့ဒီတုန်းက မြန်မာဘုရင်က ရခိုင်ကို သွားရောက်ပြီး တော့မှသိမ်းပိုက်ပြီး ပြန်လာတဲ့အချိန်မှာ တောင် အာရှက ရခိုင်မှာရှိနေတဲ့ ဘင်္ဂါလီအုပ်စုတွေပေါ့။ ဘင်္ဂါလီနှစ်မျိုးပေါ့။ တစ်မျိုးက ဟိန္ဒူ ဘင်္ဂါလီ၊ တစ်မျိုးက မူဆလင်ဘင်္ဂါလီ။ နှစ်မျိုးပါလာတယ်။ အဲ့ဒီပါလာတဲ့သူတွေနဲ့ တွေ့တဲ့ အခါကျတော့ သူတို့ကိုမေးတယ်။သူတို့ဘယ်က လာတာလဲလို့ သူတို့က မူဆလင်အဖွဲ့ အစည်းက၊ သူတို့က ရိုအင်းဂျား အဲ့ဒီ တုန်းက။ အတိအကျတော့Roingya ။ ဟိန္ဒူ ဘင်္ဂါလီတွေကျတော့ ရိုစဝမ်ဆိုပြီး တော့။ ဆိုလိုတာက သူတို့ ဘယ်ကလာ လဲဆိုတဲ့ မူလနေရာကိုပြောတာဖြစ်ပါ တယ်။

အဲ့ဒီခေတ်တုန်းက ရခိုင်မင်း နေပြည်တော်နန်းတော်ထဲမှာ လူမျိုးစုံ အမှု ထမ်းကြပါတယ်။ ရခိုင်မင်းနေပြည်တော် ကလည်း ကမ်းခြေမှာရှိတဲ့အခါကျတော့ ကမ်းခြေနိုင်ငံလေး ဖြစ်တဲ့အတွက်။ အဲ့ ဒီတုန်းကတော့ ပဒေသရာဇ်တွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တိုက်ကြခိုက်ကြ၊သိမ်းကြ။ ဒါမျိုးတွေက ရှိနေတာပါပဲ။ သူ့ခေတ်နဲ့ သူ့ရဲ့ စနစ် ပေါ့။ အဲ့ဒီဘက်မှာ အပြင်ဘက်က ကြေးစားငှားထားရတာပေါ့။ဘင်္ဂါလီမူဆလင်၊ ဘင်္ဂါလီဟိန္ဒူတွေကလည်း သူတို့ထိုက် တန်ရာလုပ်ငန်းတွေ လုပ်ကြရသလိုပဲ။ ကမန် ဆိုတာကတော့ လေးသည်တော်တွေပေါ့။ အဲ့ဒီတုန်းက နောက်ပိုင်းမှာ မြန်မာဘုရင် အဆက်ဆက်ကလည်း ကမန်လေးသည်တော်ကို အသုံးပြုခဲ့ကြ တာရှိတယ်။ အဲ့ဒီလိုပဲ ပေါ်တူဂီတို့က လည်း ကြေးစားတွေပါလာတယ်။ အဲ့ တုန်းက တညင်တို့တောင်သိမ်းပြီး ဗမာ ပြည်မှာ ဘုရင်လုပ်ချင်တဲ့သူတွေ ပေါ် လာကြသေးတာပဲ။ ဒီဘရစ်တိုတို့ ဘာတို့ ဆိုတာ။ အဲ့ဒီတုန်းက အဲ့လိုတွေ တောင်ပေါ်ခဲ့သေးတာပဲ။ ဒါကြောင့်မို့လို့ ကျွန်တော် တင်ပြချင်တာ ဒီနာမည်ဟာ မူလဒေသ၊ သူတို့ ဘယ်ကလာတယ်ဆို တာကိုပြတဲ့ စကား လုံးဖြစ်တယ်။ နံပါတ် တစ်အချက်။

နောက်တစ်ချက်က စကား ပြောဆို တဲ့ဘာသာစကားအုပ်စုပေါ့။ လေ့လာ ကတည်းက ဖရန့်စစ်ဘီကန်နန်က ဘာ သာစကားအနေနဲ့ပဲလေ့လာခဲ့တာ။ အဲ့ဒီမှာ သူက ဘာပြော ထားလဲဆိုတော့ ဒီလူတွေက သူတို့ကိုယ်သူတို့ ရိုအင်းဂျားဆိုတာ ရခိုင်ဇာတိကလူတွေလို့ ပြောသော် ငြားလည်း တကယ့်အစစ်ရခိုင်ဇာတိက လူတွေက သူတို့ကို ဘယ်လိုခေါ်သလဲ ဆိုတော့ ရခိုင်ကလော၊ကလောရခိုင်၊ ကုလားရခိုင်၊ ရခိုင်ကုလား။ ကုလားဆိုတဲ့ အဓိ ပ္ပာယ်က လူစိမ်းပါ။ ဧည့်သည်ပါ။ အဲ့ဒီအဓိပ္ပာယ်နဲ့ပဲ သုံးခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ တကယ်တမ်းကျတော့ မူရင်းနေထိုင်တဲ့သူတွေ မဟုတ်ပါဘူးဆိုတာ။ သို့သော်ငြားလည်း အဲ့ဒါတွေကိုစပြီး တော့ Code လုပ်ကြတဲ့အခါကျတော့ စောစောက ပြောတာတွေ အကုန်လုံး ဖျောက်ထားပြီးတော့မှ ဒါ ၁၈ဝ၁ ခုနှစ်က တည်းက သုံးနေပြီးသားဆိုပြီးတော့ ပြော ပါတယ်။ သို့သော်ငြားလည်း ၁၈၂၁ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲကနေ စပြီး တော့မှ ၁၉၄၈ ခုနှစ်အတွင်းမှာ ပြုစု ရေးသားမှတ်တမ်းတင်ခဲ့တဲ့ ဗြိတိသျှ အစိုးရ မှတ်တမ်းတွေထဲမှာ ရိုဟင်ဂျာဆိုတဲ့ စကားကို တစ်လုံးမှ သုံးမသွားပါဘူး။အဲ့တော့ စစ်တွေခရိုင်မှတ်တမ်းပေါ့။ အရေးပိုင်အာရဗီစမတ်ရဲ့မှတ်တမ်းတွေ ထဲမှာ ရခိုင်မှာရှိတဲ့ လူမျိုးတွေထဲမှာ ရခိုင်၊ ဗမာ၊ ဒိုင်းနက်၊ သက်၊ ချောင်းသား၊ မိုဟာမဒင်ဆိုပြီးတော့။ မိုဟာ မဒင်ဆိုတဲ့ နာမည်တွေထဲမှာပဲ။ တချို့ လူဦးရေသန်း ခေါင်စာရင်းတွေထဲမှာကျတော့ မိုဟာ မက်ဒင်ကို သူက Mixed Blood and Pure ဆိုပြီးတော့ နှစ်ပိုင်းခွဲထားတာလည်း ရှိတယ်။ ဆိုလိုတာက ရခိုင်ပြည် နယ်မှာ ဘင်္ဂါလီတွေပဲ မူဆလင်ရှိတာ မဟုတ်ဘူး။
စောစောကပြောတဲ့ ကမန် တွေရှိတယ်။ နောက် မြေဒူးဆိုတဲ့အဖွဲ့တွေ ရှိသေးတယ်။

ဒါတွေက အများကြီး။ ပြောရင်တော့ ရာဇဝင်ကြီးတစ်ခု ဖြစ်နေ တဲ့အခါကျတော့ အဲ့ဒီ အချိန်ကြီးတစ်ခု လုံးမှာ အင်္ဂလိပ်လောက်မှတ်တမ်းတင်တဲ့ လူမျိုးဆိုတာမရှိပါဘူး။ အဲ့ဒါကို လေ့လာ လိုက်တဲ့အခါမှာ စာမျက်နှာပေါင်း ၂ဝဝ ကျော်လောက်မှာ အသေးစိတ်၊ သင်္ချိုင်း က ဘယ်နေရာမှာ၊ ဘယ်ဟာက ဘယ် နေရာမှာ။ ဘယ်ဘုရားရဲ့သမိုင်းကြောင်းက ဘယ်လို၊ ဆင်းတုတော်ရဲ့ပုံစံက ဘယ်လို၊ လူမျိုးတွေအကြောင်းဆို လည်း အသေးစိတ် ပဲ။ ဘယ်လိုဆင်းသက် လာတယ်၊ ဘယ်လိုပေါက်ဖွားလာတယ်၊ ဘယ်လိုနေရာမှာနေကြ တယ်။ အကုန် လုံးရေးထားတယ်။ အင်္ဂလိပ်က အင်မတန်မှတိကျတဲ့လူမျိုး။ အင်မတန် မှ အသေးစိတ်တဲ့လူမျိုး။ အင်္ဂလိပ်လုပ်တဲ့ မြေပုံဆိုရင် ချောင်းတစ်ချောင်းက ဘယ် နေရာမှာ၊ ကမ်းပါးစောက် ဘယ်လောက် နက်တယ်ဆိုတာကအစပါတယ်။ ဒါဟိုးအဝေး။ အင်္ဂလိပ် တွေ မသွားနိုင်တဲ့ နေရာတစ်နေရာဆိုလို့ ‘ဝ’ နယ် တစ်နယ် ပဲရှိတယ်။ ကျန်တာ သူတို့ အကုန်လုံး အသေးစိတ်လုပ်ခဲ့တယ်။ အဲ့ဒီလိုလူမျိုး တွေ လေ့လာခဲ့တာတောင် ဘာလို့ ဒီ ရိုဟင်ဂျာဆိုတဲ့လူမျိုးတွေ မပါတာလဲ။ မပါတာ ကျွန်တော့်အမြင်ပြောရင်တော့ မရှိခဲ့လို့ ပေါ့။

သူတို့ ဘယ်လိုလွှဲပြောင်းသလဲဆိုရင် စစ်တကောင်းနီးယန်း၊ မိုဟာမက်ဒင် စစ်တကောင်း နီးယန်း။ တကယ်လည်း စလာခါစတုန်းက ရာသီပေါ်အလုပ် သမားအနေနဲ့လာတယ်။ စပါးစိုက်ဖို့ မြေသြဇာကောင်းတဲ့အခါကျတော့ အင်္ဂလိပ်ကလည်း စီးပွားရေးအရ နယ်ချဲ့ လာတာဖြစ်တဲ့အတွက် စပါး အမြောက် အမြားထုတ်ဖို့ နတ်မြစ်ပဲခြားတဲ့ ဒီဘန် ဂေါကနေ၊ ဘင်္ဂလားကနေ ဘင်္ဂါလီတွေ အမြောက်အမြား ခေါ်သွင်းလာခဲ့တာဖြစ်ပါတယ်။ နောက် တစ်ခုက ဘူးသီး တောင်-စစ်တွေ မီးရထားလမ်းဖောက် တဲ့နေရာမှာလည်းပဲ အလုပ် ကြမ်းသမား အနေနဲ့ခေါ်ဖို့လုပ်လာရင်းကနေ နောင်မှာ အခြေချသွားပြီးတော့။ ပြောရ မယ်ဆို ရင်တော့ ၁၈၇၂ ခုနှစ်မှာတုန်းက စစ်တွေ တစ်ခရိုင်လုံး၊ ဘူးသီးတောင်၊ မောင် တောအပါအဝင် တစ်ခရိုင်လုံးက သူတို့လူမျိုးတွေက ငါးသောင်းကျော်ပဲရှိခဲ့တယ်။ ငါးသောင်းကျော်ပဲရှိခဲ့ရာကနေ ၁၉၁၁ ခုနှစ်ရောက်တဲ့အခါကျတော့ တစ်သိန်းခွဲဖြစ် သွားပြီ။ နှစ်ပေါင်း ၄ဝ အတွင်းမှာ သုံးဆတက်သွားပြီ။

အဲ့ဒီမှာ အာရဗီစမတ်က ဘာ မှတ် ချက်ရေးထားလဲဆိုတော့ ဒါကတော့ ကိုယ့်ရခိုင် တိုင်းရင်းသားတွေကို မှတ် ချက်ပြုတာ ကိုယ်အရင်းအတိုင်း ပြော တာပါ။ ရခိုင်တွေက အလုပ်ကို ဘာမှ ပင်ပင်ပန်းပန်းမလုပ်တော့ဘူး။ လုပ်စရာ ရှိတာမှန်သမျှ ဘင်္ဂါလီတွေပဲ ခေါ်ပြီး တော့ခိုင်းတယ်။ ဟိုကလည်း လုပ်အားခ ဈေးချိုတဲ့အခါကျတော့ မလိုတဲ့နေရာ လည်း သူတို့အများကြီးငှားပြီးတော့ ခိုင်းနေတယ်တဲ့။ အဲ့ဒီတော့ ဟိုလူတွေက ရတဲ့အလုပ် ကလေးနဲ့။ ကျွန်တော်တို့ အတွေ့အကြုံအရပြောတာပေါ့။ ဆင်း ဆင်းရဲရဲဆိုတော့ ငရုတ် သီးနဲ့ဆားနဲ့ ရေနဲ့ဒါလေးနဲ့ ထမင်းကိုစားပြီး ရပ်တည်ပြီး ငွေလေးကိုစုပြီးတော့ လာနေ ကြတာ။ ဒီလူတွေက တဖြည်းဖြည်းချင်း ရှိရင်း စွဲရခိုင်တွေကိုတွန်းထုတ်ပြီး နေရာယူသွား လိမ့်မယ်လို့ ၁၉၁၁ ခုနှစ်က သူသုံး သပ်သွားတာ။ အခုအချိန်ထိ ဘယ်လိုဖြစ် လဲဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ဒါကြောင့်မို့ ရခိုင်မှာရှိနေတဲ့ ရိုဟင်ဂျာ လူမျိုးဆိုပြီးတော့ ဖော်ထုတ်လာရ သလဲဆိုတော့ ၄၈ ခုနှစ်မှာ မူဂျာဟစ်ဒင် လှုပ်ရှားမှုဖြစ်တယ်။

မအောင်မြင်တဲ့အခါမှာ လက်နက် ကိုင်ပြီး ကတ်ဆင်ဆိုတာ အရင်တုန်းက ပုလိပ် တပ်ကြပ်ပါ။ စစ်တွေဂတ်က ထင်ပါတယ်။ စစ်တွေဂတ် ဘင်္ဂါလီလူမျိုး တပ်ကြပ်က တောခိုသွားပြီးတော့ ပုန် ကန်တာ။ မူဂျာဟစ်ဒင်လှုပ်ရှားမှု။ လွတ်လပ်ရေးမရခင် ကတည်းက စဖြစ်ခဲ့တာပါ။ နောင်မှာ ဒုဝန်ကြီးချုပ်အဆင့်အထိ ဖြစ်သွားမယ့်ဗိုလ်မှူး။ အဲ့ဒီခေတ်တုန်းက တော့ ဗိုလ်ကြီးပေါ့။သူရထွန်းတင်ပေါ့။ သူတို့သွားပြီး နှိမ်နင်းခဲ့ရ တာတွေရှိတယ်။

အဲ့ဒီတော့ ဘာဖြစ်သွားလဲဆိုတဲ့အခါကျ တော့ စစ်အင်အားသုံးပြီး ခွဲထွက်ဖို့ကလည်း မအောင်မြင်ဘူး။ အလယ်သံကျော် ညီလာခံနဲ့ သူတို့အလိုလျောက် ပြည်နယ် တောင်းဆို တာလည်း မအောင်မြင်ဘူး။ အဲ့ထိမူဂျာဟစ်လို့ပဲ ပြောခဲ့သေးတယ်။ ရိုဟင်ဂျာဆိုတာ နောက်ပိုင်း ၁၉၅ဝ ပြည့် တဲ့နှစ်တွေကျတော့မှ စပြီးတော့ ဖော်ထုတ်လာတယ်။

ဖော်ထုတ် လာတော့ အဲ့ဒါတွေကိုသူက သီးခြားလူမျိုးအဖြစ်နဲ့ ရဖို့အတွက်ကို သမိုင်း အမျိုးမျိုးကို ဖန်တီးတယ်။ သမိုင်းတစ်ခုကတော့ ဗမာစကား ရွာဟောင်းကကြား၊ ဒါကြောင့်မို့ ရွာ ဟောင်းကြားကနေ ရိုဟင်ဂျာ ဖြစ်တယ် ဆိုပြီးတော့ပြောတယ်။ နောက် တစ်ပိုင်း ကတော့ ကျောက်ဖြူ ကျောက်နီမှော်ဘက်မှာ သင်္ဘောတွေ အများကြီးပျက်ခဲ့ တာရှိတယ်။ အာရပ်တွေ အဲ့ဒီမှာသူတို့က ကယ်တင်ပါဆိုပြီးတော့ သနားစဖွယ် တောင်းပန်ရာကနေ ရိုဟင်းဂျားဖြစ်လာ တယ်ဆိုပြီးတော့ပြောတယ်။

ပြောချင်တာက သူ့နောက်ကွယ်က ရည်ရွယ်ချက်က လူမျိုးတစ်မျိုးဖြစ်လာမယ်။ လူမျိုး တစ်မျိုးကနေပြီး နိုင်ငံ သားရခွင့်၊ မဲပေးခွင့်၊ ရွေးကောက်ခံပိုင် ခွင့် အဲ့ဒီကနေပြီး သူတို့က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရလူများစုနေရာလေး ဖန်တီး ယူမယ်။ အဲ့ဒီကနေပြီး နိုင်ငံတကာ ဥပဒေ အရပြောမယ်ဆိုရင် ကိုဆိုဗိုကိုပဲဆန္ဒခံယူ ပွဲလုပ်လိုက်ရင် သူကခွဲထွက်လို့ ရသွား ပြီ။ နိုင်ငံတကာကနေ သူက အသိအမှတ်ပြု လိုက်မယ်ဆိုရင် သီးခြားနိုင်ငံဖြစ်သွား ပြီ။ ဆိုတော့ ဒါတွေက အဲ့ဒီပုံစံမျိုးနဲ့ ၁၉၅ဝ လောက်ကစပြီးတော့ ရိုဟင်ဂျာ ကျောင်းသား လှုပ်ရှားမှုတို့၊ ဘာတို့ တောက်လျှောက်လုပ်လာခဲ့တာသည် ၇ဝ၊ ၈ဝ လောက်ကျတော့ လက်နက်ကိုင်ပြီး လုပ်လာပြီ။RSO။ ဒီ ရိုဟင်ဂျာလေး ကို ကိုင်ထားပြီးတော့မှ ဒီနာမည်ကို တရားဝင်ဖြစ်အောင်၊ ဒီနာမည်ကို လူမျိုး တစ်မျိုးဖြစ်လာအောင် ဖန်တီးနေတာ ဖြစ် တယ်။ ပြောပါများတဲ့အခါကျတော့ ဒီ နာမည်သည်တွင်သွားပြီ။ နိုင်ငံတကာမှာတွင် သွားပြီ။ ပြောရရင်တော့ အလာကောင်းပြီး အခါနှောင်းပြီ။ ခုမှ ကျွန် တော်တို့က ပြောနေ တာ။ ကျွန်တော် အစကတည်းကပြောခဲ့သလိုဒီလိုဘာသာ စကားတစ်ခုသာ ဖြစ်တယ်။ ရိုဟင်ဂျာ ဆိုတာ တမင်သက်သက်ဖန်တီးထားတဲ့ နိုင်ငံရေးအရ အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်ဆိုတာကို ပြောရဲတဲ့သူ၊ ပြော ထွက်တဲ့သူ၊ ပြောဝံ့တဲ့သူ၊ ပြော ခွင့်ရတဲ့ သူ မရှိပါဘူး။ သိပ်ပြီးတော့ ဒါ ကြောင့်မို့ ကျွန်တော်အမိုက်ခံပြီးတင်ပြခဲ့ တာဖြစ်ပါ တယ်။ ကျေးဇူးတင်ပါတယ်။

ဦးကိုကိုလှိုင်

ဖြေ။ ဒီနာမည်က Origin ဘယ်လို ပဲဖြစ်ဖြစ်၊ ရှိရှိ မရှိရှိ ကျွန်မတို့ တရားဥပဒေထဲမှာေ ၏တာ့ မရှိဘူး။ အဲ့ဒါကို သမိုင်းလိုက်ပြီးရှင်းပြနေရင် ဦးကိုကိုနိုင် ပြောတာမှန်ပါတယ်။ တကယ်တော့ကျွန်မ တို့အနေနဲ့က ရဲရဲကိုပြောရဲရမယ်။ ဒီ နာမည်က အစထဲက မပေါက် ဘူး။ တည် ဆဲဥပဒေအရလည်းမရှိဘူးဆိုတာ အဲ့ဒါ ပြောရဲရမယ်။ အဆုံးကျတော့ ကျွန်မ အဲဒါ လေးပဲပြန်ပြီး Emphasize လုပ်ချင်တယ်။

ဒေါ်ရင်ရင်နွယ်