ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ ကျေးရွာပါတီဝင်များ နှုတ်မှုစွမ်းရည်ပြိုင်

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့ (၂)ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် မြို့နယ်ပါတီကော်မတီဝင်များ၏ နှုတ်မှု စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါ နှုတ်မှုစွမ်းရည်ပြိုင်ပွဲတွင် တက်ရောက်လာသူများမှ နိုင်ငံတော် သီချင်းအား သံပြိုင်သီ ဆိုခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူက အဖွင့်အမှာစကားပြောကြားခဲ့ သည်။

ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဝင် ဦရဲမွန်မျိုးမြင့်က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။ထို့နောက် ပြိုင်ပွဲကိုစတင် ကျင်းပရာ ကျပန်း စကားပြောပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲကိုကျင်းပရာ ရပ်ကွက်၊ ကျေးရွာ ပါတီ ကော်မတီဝင် များမှ အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲအသီး သီးတွင် ဆုရရှိသူများအား ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊ ခရိုင်ပါတီ ဘဏ္ဍာရေးမှူး ဒေါ်နိုင်နိုင်မော်၊ မြို့နယ်ပါတီ ကော်မတီဝင်များမှ ဆုများ ချီးမြှင့် ခဲ့ကြသည်။

အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ ဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲသို့ မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပါတီဝင်များ တက်ရောက် ခဲ့ကြပြီး အခမ်းအနားကို ”ပြည်ခိုင်ဖြိုးလာ ပြီဟေ့”သီချင်းဖြင့် သီဆိုရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)