ကနောင်မြို့တွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ မြို့နေလူထုနှင့် တွေ့ဆုံ

 

ကနောင်၊ ဇွန် ၁၈

ယမန်နေ့ နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကနောင်မြို့ရှိ ရွှေမြင့်မိုရ်ခန်းမတွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် အဖွဲ့သည် မြို့နေလူထုများ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြပြီး ဒေသ လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြဆွေးနွေး ခဲ့ကြသည်။