ပြည်​နယ်​အဆင့်​ ကြားဖြတ်​​ရွေးချယ်​ဖွဲ့စည်း​ရေး အစည်းအ​ဝေး ကျင်းပ

 

ကချင်​ပြည်​နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး ရေးပါတီ ပြည်​နယ်​အဆင့်​ ကြားဖြတ်​​ရွေးချယ်​ဖွဲ့စည်းရေးအစည်းအ​ဝေးကို (၃၁-၈-၂၀၁၇)ရက်​​နေ့ နံနက်​ (၉)နာရီအချိန်တွင်​ ပြည်​နယ်​ပါတီရုံးအစည်းအ​ဝေး ခန်းမကြီးတွင်​ ကျင်းပပြုလုပ်​ခဲ့ပါသည်​။

အစည်းအ​ဝေးတွင်​ ပါတီဗဟိုအတိုင်​ပင်​ခံ ဦးသိန်း​ဇော်​၊ ပါတီအလုပ်​အမှု​ဆောင်​​ ဒေါက်​တာ ဦး​အောင်​မြတ်​ဦး (ပြည်​နယ်​တာဝန်​ခံ ) တို့က အမှာ စကား အသီးသီးပြောကြားခဲ့ပြီး ဗဟိုအလုပ်​အမှု​ဆောင်​ ကချင်​ပြည်​နယ်​ပါတီဥက္ကဌ ဦးရားဝမ်​ဂျူံက​ ရွေး​ကောက်​ပွဲဆိုင်​ရာ စည်းမျဉ်းစည်းကမ်းများ ကို ဖတ်​ကြားကာ အစည်းအ​ဝေး ပထမပိုင်းအစီအစဉ်​များ​ ခေတ္တရပ်​ နားခဲ့ ပါသည်​။

ထို​နောက်​ ပြည်​နယ်​ပါတီ ​ကော်​မတီဝင်​များအစုအဖွဲ့၊ ခရိုင်​/မြို့နယ်​ ပါတီ​ကော်​မတီဝင်​များအစုအဖွဲ့နှင့်​ လွှတ်​တော်​ကိုယ်​စားလှယ်​များအစုအဖွဲ့များ က ပြည်​နယ်​​ကော်​မတီဝင်​အသစ်​များအား သတ်​မှတ်​စည်းမျဉ်းစည်းကမ်း များနှင့်​အညီ ​ရွေးချယ်​ကြပါသည်​။

ဆက်​လက်​၍ ပြည်​နယ်​ပါတီအစည်းအ​ဝေးက အတည်​ပြု​ရွေးချယ်​ခဲ့ကြ​ကြောင်း၊ ထို​နောက်​ ​ကော်​မတီဝင်​အသစ်​များက ကတိသစ္စာခံယူပြီး သဘာပတိက နိဂုံးချုပ်​အမှာစကား​ပြောကြားကာ အစည်းအ​ဝေးကို နံနက်​(၁၁) နာရီအချိန်​ခန့်​တွင်​ ​ကြွေး​ကြော်​သံဖြင့်​ ရုပ်​သိမ်းခဲ့ပါသည်​။

USDP Kachin State