ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ မီဒီယာသင်တန်းဖွင့်လှစ်

 

၂၀၁၇ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ နံနက် ၉း၀၀ အချိန်တွင် ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အောက်ထပ်၌ သတင်းမီဒီယာသင်တန်းဖွင့်ပွဲ အခမ်း အနားတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟို အလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မ တီဝင်) နှင့် ပြည်နယ်ကော်မတီဝင်များ၊ ခရိုင် ပါတီဥက္ကဋ္ဌများနှင့် မီဒီယာ တာဝန်ခံများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် မီဒီယာတာဝန်ခံများ စုစုပေါင်း ၆၃ ဦး တက်ရောက်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ်အတွင်းရေးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်နယ်မီဒီယာတာဝန်ခံမှ သတင်းမီဒီယာ ကိစ္စနှင့်ပတ်သက်၍လည်းကောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်မီဒီယာတာဝန်ခံ ဦးထွန်းဝေမှ သတင်းမီဒီယာ ကိစ္စရပ်များအား လည်းကောင်း ၊ သတင်းရေးသားနည်းများအား ဦးသိန်းနု (ပြည်နယ်ကော်မတီဝင်)မှ လည်းကောင်း၊ facebook တွင် သတင်းရေး သားမှုများအား ဦးကြည်ရွှေနှင့် ဦးသန်းမောင်မှလည်းကောင်း သင်ကြား ပို့ချခဲ့ကြကြောင်း သိရပါသည်။

Rakhine USDP