ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်(ကချင် ပြည်နယ်တာဝန်ခံ) ဒေါက်တာအောင်မြတ်ဦး ကချင်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီ ၀ါဆိုသင်္ကန်းကပ်လှူပွဲတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကချင် ပြည်နယ်တာဝန်ခံ) ဒေါက်တာအောင်မြတ်ဦးနှင့် ပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့သည် ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်တွင် ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပ သော ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြပြီး ဆရာတော် သံဃာတော်များထံမှ သီလသြ၀ါဒများခံယူကာ ၀ါဆိုသင်္ကန်း၊ ဆွမ်းအစရှိသည့် လှူဖွယ်ပစ္စည်းအစုစုအားလှူဒါန်းပူဇော်ပူဇော်ကြသည်။

အဆိုပါ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်(ကချင်ပြည်နယ်တာဝန်ခံ) ဒေါက်တာအောင်မြတ်ဦး၊ ပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ ကချင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်များမှ ဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ တက်ရောက် ပူဇော်ခဲ့ကြ ကြောင်း သိရသည်။