ရှေ့တန်းပြန်စစ်သည်များအား ကြိုဆိုခြင်း

 

(၇-၈-၂၀၁၇) နေ့လည် (၁) နာရီတွင် တာချီလိတ်မြို့ ခမရ (၃၃၁) ခြေမြန် တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး ဇော်တေဇထွေး၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝဏ္ဏကျော်နှင့် အရာရှိ စစ်သည် များသည် ရှေ့တန်းစစ်မျက်နှာ အောင်မြေ (၂) ဒေသဖြစ်သော ကျထီနာ့၊ လွယ်ခမ်းချုံ ဒေသတွင် (၁)နှစ်(၄) လနှင့် (၇) ရက်ကြာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ရှေ့တန်းမှ မိခင် တပ်ရင်းသို့ ပြန်လည်ဝင်ရောက်လာရာ တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးဘိုစံ၊မြို့နယ် ဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် ကော်မတီဝင်များ၊ ပါတီဝင် အမျိုးသား အမျိုးသမီး လူငယ်များမှ အောင်သပြေ၊ နှင်းဆီပန်း များနှင့် သွားရောက်ကြိုဆိုခဲ့ကြကြောင်း သိရပါသည်။

Myo Thant