မောင်တောခရိုင်မှ ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ ရခိုင်လူထုတွေ့ဆုံ ပွဲမှ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်

 

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများ အပေါ် စစ်တွေမြို့ပေါ်ရှိ ရခိုင်ပြည်သူလူထု ၄၀၀ ခန့်က စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးတွင် ယမန်နေ့ မွန်းလွဲ ၁နာရီ က တွေ့ဆုံခဲ့ပြီး မောင်တောခရိုင်အတွင်း ရခိုင်ကျေးရွာများတွင် ပြည်သူ့စစ်ဖွဲ့စည်းရေးတောင်းဆိုမှုအပါအ၀င် ဆုံးဖြတ်ချက် ၃ ရပ်ကို ချမှတ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ စည်းကမ်းထိမ်းသိန်းရေးနှင့် ကူညီစောင့်ရှောင့်ရေး ရဟန်းတော်များအဖွဲ့၊ နိုင်ငံရေးပါတီများ၊ မြို့သူမြို့သားများ တက်ရောက် ခဲ့ပြီး ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ် အမှုဆောင်)၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေနှင့် ပြည်နယ် ကော်မတီဝင်များ၊ စစ်တွေခရိုင်/မြို့နယ်ကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော ပုဂ္ဂိုလ်များမှ အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြပြီး ရခိုင်ပြည်နယ်လုံခြုံရေးအတွက် လုံခြုံရေးအင်အား တိုးချဲ့ပေးရန်နှင့် ရခိုင်ကျေးရွာများတွင် ပြည်သူ့စစ်အဖြစ် လက်နက်များ တပ်ဆင်ပေးရန်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များ အပါအ၀င် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များမှာ NGO များမှ တစ်ဖက်သက် ဆောင်ရွက်နေသည့်အတွက် ဖြစ်သည်ဟု သုံးသပ်ကြသဖြင့် အဆိုပါနေရာများတွင် NGO အဖွဲ့အစည်းများ မထားရှိစေရန်၊ ၁၉၈၂ နိုင်ငံသားဥပဒေကို လေးစား လိုက်နာပြီး ဥပဒေ အတိုင်း ဆာင်ရွက်ပေးရန် စသည့်အချက် ၃ချက်အား တောင်းဆို ဆန္ဒ ဖော်ထုတ်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။

Arakha Development News