ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ စာပေဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်စာပေဝါသနာရှင်များနှင့် ကျောက်ဆည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်း အဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁နာရီက စာပေဟောပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေဟောပြောပွဲအခမ်းအနားသို့ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူးဦးဆွေဦးနှင့် နယ်မြေတာဝန်ခံများ၊ ကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ များမှ စာပေဝါသနာရှင် ပြည်သူအင်အား ၃၅ဝ တက်ရောက်ကြသည်။

ထို့နောက် စာရေးဆရာတက္ကသိုလ်ဆရာမြတ်သူ၏ကိုယ်ရေးရာဇဝင် အကျဉ်းနှင့် ဆရာမောင်စေတနာြ.ဗယြ.နိ တို့၏ ကိုယ်ရေးရာဇဝင် အကျဉ်းကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစိုးစိုးထွန်းက ဖတ်ကြားသည်။

ဆက်လက်၍ စာရေးဆရာတက္ကသိုလ်မြတ်သူက နိုင်ငံသားတွေရှိတဲ့ နေရာ နိုင်ငံရေးရှိ နိုင်ငံတော်ကြီးဟာ အမြဲတမ်းတည်ရှိနေရမယ် အသိပညာ စာပေအတွေ့အကြုံများ ဟောပြောသည်။ ယင်းနောက် စာရေးဆရာ မောင်စေတနာက အမျိုးသားပြန်လည်သင့်မြတ်ရေး စာပေ အတွေ့အကြုံ အသိပညာများအား ပါတီဝင်များ၊ စာပေဝါသနာရှင်ပြည်သူများအား ဟောပြောခဲ့ကြောင်း သိရသည်။