ရီးယဲလ်နှင့်သတင်းများကို ချယ်လ်ဆီး တိုက်စစ်ကစားသမား ဟက်ဇက် ငြင်းဆို

ချယ်လ်ဆီးအသင်း၏အဓိက တိုက်စစ်ကစားသမား တစ်ဦးဖြစ်သည့် အီဒင်ဟက်ဇက်က ရီးယဲလ်အသင်းနှင့် ထွက်ပေါ်နေသော ကောလာဟလသတင်းများကို ငြင်းဆန်လိုက်ပြီး ချယ်လ်ဆီး အသင်းတွင် ပျော်ရွှင်နေ ကြောင်း ပြောဆိုလိုက်သည်။

ရီးယဲလ်နည်းပြ ဇီဒန်းသည် ဟက်ဇက်ကို ခေါ်ယူရန် အလိုရှိနေပြီး လာမည့်နွေရာသီတွင် ပေါင်သန်း ၁၀၀ ဖြင့် ကမ်းလှမ်းရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

သို့သော် ဟက်ဇက်က ချယ်လ်ဆီးအသင်းတွင် အဆင်ပြေနေကြောင်းဆိုခဲ့ပြီး ရီးယဲလ်နှင့်သတင်းကို မေးမြန်းခဲ့သည့် သတင်းထောက်ကို ပြစ်တင်ပြောဆိုခဲ့သည်။

‘ဒီနေရာမှာ ဘာမှ ပြောဖို့မရှိပါဘူး။ တစ်ပွဲချင်းအကောင်းဆုံးကြိုးစားနေပါတယ်။ ဒါပါပဲ’

‘ဘာကြောင့် ခင်ဗျားကျွန်တော့်ကို ဒီအရှုပ်ထဲ ဆွဲထည့်ချင်ရတာလဲ။ ချယ်လ်ဆီးမှာ ကျွန်တော် အရမ်း အဆင်ပြေနေပါတယ်။ ဒီရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော့်စာချုပ် ကလည်း ၂၀၂၀ အထိ ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်ဒီနေရာမှာ ရှိနေတာပါ’ ဟု ဟက်ဇက်က ပြောဆိုသွားခဲ့သည်။

ဟက်ဇက်သည် ယခုနှစ်ရာသီတွင် ၁၁ ဂိုးသွင်းယူထားပြီး ၅ ဂိုးဖန်တီးပေးထားကာ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်တွင် ဦးဆောင်နိုင်အောင် အဓိကနေရာမှ ကူညီပေးလျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်