စီရော်နယ်ဒိုရဲ့အံမခန်းဂိုးနဲ့ ချီးကျူးဂုဏ်ပြုသံများ

မနေ့ညကဂျူဗင်တပ်ကို ရီးရဲလ်ကအဝေးကွင်းမှာ ၃-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ စီရော်နယ်ဒိုရဲ့ နောက်ပြန်ကန်ချက်နဲ့ သွင်းတဲ့ဂိုးကို အားလုံးက ချီးကျူးနေကြပါတယ်။ ဒီဂိုးဟာ ချန်ပီယံလိဂ်သမိုင်းမှာ အကောင်းဆုံးဂိုး ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ပွဲချိန် ၆၄ မိနစ်မှာ ကာဗယ်ဂျယ်ရဲ့ ဖြတ်တင်ဘောကို စီရော်နယ်ဒိုက လှပစွာသွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီဂိုးကြောင့် ဂျူဗင်တပ်ပရိသတ်တွေဟာ လုပ်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြသလို နည်းပြဇီဒန်းကလည်း ကွင်းဘေးမှာ အံအားသင့်နေခဲ့တာ တွေ့ခဲ့ရပါတယ်။ သူဟာပွဲစပြီး ၃ မိနစ်တောင် မကြာသေးတဲ့အချိန်မှာလည်း အစ္စကိုရဲ့ ဖန်တီးပေးမှုကနေ အဖွင့်ဂိုး သွင်းခဲ့သေးလို့ ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ သူရဲ့အဖွင့်ဂိုးဟာ ချန်ပီယံလိဂ်မှာ သူသွင်းခဲ့တဲ့ ဂိုးတွေထဲမှာ အမြန်ဆုံးဖြစ်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်မှာ ၁၀ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်စေခဲ့ပါတယ်။ အခုဆိုရင် စီရော်နယ်ဒိုဟာ ဒီပြိုင်ပွဲမှာ ၁၁၈ ဂိုး ရရှိထားပါပြီ။ သူဟာမန်ယူ အတွက် ၁၆ ဂိုးနဲ့ ရီးရဲလ်အတွက် ၁၀၂ ဂိုး သွင်းထားတာပါ။ ဒီပွဲမှာ နောက်တစ်ဂိုးကိုတော့ စီရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုနဲ့ ၇၂ မိနစ်မှာ မာဆယ်လိုက သွင်းယူခဲ့ပါတယ်။

== ထူးခြားလွန်းတဲ့ စွမ်းဆောင်ရည်နဲ့ အမြဲကစားနိုင်တဲ့သူဖြစ်တယ်။ သူ့ရဲ့တန်ဖိုးဟာ ပီလီ၊ မာရာဒိုနာတို့နဲ့လည်း နှိုင်းယှဉ်လို့ရတယ်။ အသင်းနိုင်ဖို့အတွက်၊ ဆုဖလားတွေအတွက် အဆုံးအဖြတ်ပေးနိုင်စွမ်း ရှိတဲ့သူပါဘဲ။ (ဘူဖွန်)

== သိပ်ကြောက်စရာကောင်းတဲ့ ခြေစွမ်းနဲ့သိပ်ကောင်းတဲ့ဂိုးကို သွင်းယူလိုက်တာဘဲ။ ဒီဂိုးဟာအရမ်းကို လက်ဖျားခါဖို့ ကောင်းပါတယ်။ အသင်းအတွက်အရမ်းကို အားထားရတဲ့သူပါဘဲ။ (ရာမို့စ်)

==ဘယ်လိုမှ မထင်မှတ်ခဲ့ဘူး။ Play Station မှာသွင်းတဲ့ဂိုးလား ထင်ရတယ်။ ဒီပြိုပွဲမှာသမိုင်းဝင်နေမယ့်ဂိုးပါဘဲ။ (ဂျူဗင်တပ်နောက်ခံလူ ဘာဇာဂလီ)

==ဒီကမ္ဘာကနေထွက်ပြီး အင်္ဂါဂြိုဟ်မှာသာ သွားကစားတော့ စီရော်နယ်ဒိုရေ။ ဒီကမ္ဘာပေါ်မှာ မင်းလုပ်နိုင်တာတွေ ကုန်သွားပြီ။(အာဘီလိုအာ)

-Ref; Sky sports