ယူနိုက်တက်ကို စွန့်ခွာရန် ဂစ်ဆုံးဖြတ်

13524276_1040697079358446_8205416360777641163_n

ရိုင်ယန်ဂစ်သည် မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီဟု သိရှိရသည်။ အသင်း၏ ဂန္ထဝင် ကစားသမားဟောင်းကြီးသည် ဒေးဗစ်မိုယက်စ်နှင့် လူးဝစ်ဗန်ဂါးလ်တို့ လက်ထက်က လက်ထောက် မန်နေဂျာအဖြစ် အားဖြည့် တာဝန်ယူခဲ့သူ ဖြစ်ပြီး အသင်း၏ မန်နေဂျာသစ် နေရာအတွက် လျာထားခံရသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း ဗန်ဂါးလ်ကို ထုတ်ပယ်ပြီးချိန်တွင် ဟိုဆေးမော်ရင်ဟိုကိုသာ ယူနိုက်တက်က ခန့်အပ်ခဲ့သည့်နောက် ဂစ်သည် အသင်းနှင့် လမ်းခွဲရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယူနိုက်တက်တွင် (၂၉)နှစ်ကြာ ဖြတ်သန်းခဲ့သည့် ကာလများကို ဝေလကစားသမားဟောင်းက အဆုံးသတ်တော့မည် ဟု Daily Mailက ဖော်ပြခဲ့သည်။

သတင်းအချို့၏ ဖော်ပြချက်အရ မော်ရင်ဟို ကိုယ်တိုင်ကလည်း ၎င်း၏ ကိုယ်ပိုင် လက်ထောက်မန်နေဂျာကိုသာ အသုံးပြုလိုပြီး ဂစ်ကို ဆက်သွယ်ခဲ့ခြင်း မရှိဟု သိရသည်။ လတ်တလောတွင် ဂစ်ထွက်ခွာမည့် ကိစ္စကို အသင်းက တရားဝင် မကြေညာသေးသော်လည်း နှစ်ဖက် ကိုယ်စားလှယ်များကြား ငွေရေးကြေးရေး ကိစ္စများကို ရှင်းလင်း ညှိနှိုင်းနေပြီဟု ဆိုသည်။ ဂစ်သည် ယူနိုက်တက်အတွက် (၉၆၃)ပွဲထိ ကစားကာ ကလပ်အသင်း သမိုင်းတလျှောက် ပွဲအများဆုံး ကိုယ်စားပြုသည့် စံချိန်ကို ရရှိထားသူ ဖြစ်သည်။ ၎င်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကိုလည်း (၁၃)ကြိမ် ဆွတ်ခူးကာ ပြိုင်ဘက်မရှိ အများဆုံး စံချိန်အဖြစ် ရပ်တည်နေသည်။

ဂစ်သည် မန်နေဂျာ တစ်ဦးအနေဖြင့် အောင်မြင်မှု ရရှိရန် ဆန္ဒရှိနေရာ လက်ရှိ အနေအထားအပေါ် မပျော်ပိုက်တော့ဘဲ အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာရန် စဉ်းစားခဲ့ပြီး တစ်ဖက်တွင် မော်ရင်ဟို ကိုယ်တိုင်ကလည်း လိုလိုလားလား ရှိဟန်မပြသဖြင့် ယခုလို ဆုံးဖြတ်ဖြစ်ခဲ့ခြင်းဟု သတင်းများက ဖော်ပြသွားသည်။

-Ref: Daily Mail


Leave a Reply