ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး Developing Self leadership for Effective Operation သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် နေပြည်တော်ပါတီဌာနချုပ် သင်တန်းခန်းမ ဆောင်၌ ကျင်းပသော Developing Self leadership for Effective Operation သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့နံနက် ၉ နာရီတွင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် သင်တန်းသားသင်တန်းသူ ၁ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။