ဒေါ်နယ်ထရမ့် ပိုင်ဆိုင်ခဲ့ဖူးတဲ့ Ferrari ကားတစ်စီးကို စံချိန်တင် ဒေါ်လာ ၂၇၀,၀၀၀ နဲ့ လေလံတင်ရောင်းချ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်ခဲ့ဖူးတဲ့ အနီရောင် Ferrari ကားတစ်စီးကို ယခုသီတင်းပတ် အတွင်းမှာပဲ စံချိန်တင် ဒေါ်လာ ၂၇၀,၀၀၀ နဲ့ လေလံတင်ရောင်းချခဲ့ရတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြ ထားပါတယ်။

 

၂၀၀၇ မော်ဒယ် Ferrari F430F1 Coupe ကားကိုတော့ သမ္မတ ထရမ့်က ပြီးခဲ့တဲ့ ဆယ်နှစ်ကျော် လောက်က ၀ယ်ယူစီးနင်းထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထရမ့်ဟာ အဆိုပါ Ferrari ကားကို သိပ်ပြီးများများစားစား မမောင်းခဲ့ဖူးလို့ သိရပါတယ်။ ယင်းကားကိုတော့ ထရမ့်ဟာ ၂၀၁၁ ခုနှစ်လောက်မှာပဲ ပြန်လည် ရောင်းချခဲ့တယ်လို့လည်း သိရပါတယ်။

ယင်းကားဟာ နောက်ပိုင်းမှာ ပိုင်ရှင် အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဧပြီ ၁ ရက်ကပဲ ဖလော်ရီဒါက လေလံပွဲတစ်ခုမှာ ထည့်သွင်းရောင်းချခဲ့တာဖြစ်ပါတယ်။

လေလံပွဲမှာတော့ ယင်းကားကို စံချိန်တင်ဈေးနဲ့ ၀ယ်ယူသွားသူအမည်ကို ထုတ်ဖော်ကြေညာခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

-Ref; AFP