ဂျူဗင်တပ်ဥက္ကဋ္ဌ အက်နယ်လီ တစ်နှစ်ပိတ်ပင်ခံရ

အမာခံအစွန်းရောက် ပရိသတ်များကို လက်မှတ်များ ရောင်းချခဲ့သဖြင့် ဂျူဗင်တပ်ဘော လုံးအသင်းဥက္ကဋ္ဌ အန်ဒရေးအက် နယ်လီကို အီတလီဘောလုံးအဖွဲ့ချုပ်က တစ်နှစ်ပိတ်ပင်သည်။ ဂျူဗင်တပ်အသင်းကိုလည်း တရားရုံးက ယူရို သုံးသိန်းဒဏ်ငွေ ချမှတ်သည်။

လက်မှတ်များ အမြတ်တင် ရောင်းချမှုကို အားပေးရာရောက် သည်ဟု ဆိုသော အမှုတွင် ဘောလုံးအဖွဲ့ချုပ်၏ ရှေ့နေက အက်နယ်လီကို ၂ နှစ်ခွဲပိတ်ပင်ရေး၊ ဒဏ်ငွေရိုက်ခြင်းနှင့် ဂျူဗင်တပ် ကို အိမ်ကွင်းနှစ်ပွဲ ပရိသတ် မပါဘဲ ကစားစေရေး တောင်းဆိုခဲ့သည်။

အက်နယ်လီသည် တစ်ရာ သီစာလက်မှတ်များနှင့် အခြား လက်မှတ်များ ရောင်းချခြင်းကို ခွင့်ပြုခဲ့သည်ဟု စွပ်စွဲခံရသည်။ ရာဇဝတ်ဂိုဏ်းများနှင့် ဆက်စပ်သော အစွန်းရောက်ပရိသတ် ဒိုမီနယ်လိုကို တွေ့ဆုံခဲ့ကြောင်း အက်နယ်လီက ဝန်ခံသည်။

သို့သော် ထိုသို့ တွေ့ဆုံမှု သည် အောင်ပွဲခံအခမ်းအနားများ တွင် အခြားပရိသတ်များနှင့် အတူ တွေ့ဆုံခြင်း ဖြစ်ပြီး တရား မဝင်လုပ်ငန်းများ၌  ဂျူဗင်တပ် အသင်း မပါဝင်ခဲ့ဟု အက်နယ် လီက လျှောက်လဲခဲ့သည်။ ဒိုမီနယ်လီသည် လက်မှတ်များအပေါ် အမြတ်ထုတ်ခြင်းအတွက် ထောင်ဒဏ်အပြစ်ပေးခံရပြီးဖြစ်သည်။

—Ref:AP