ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီဦးဌေးဦးနှင့်ဇနီး ကျုံပျော် အထက(၁)ကျောင်းသားကျောင်းသူများ၏ အာစရိယပူဇော်ပွဲတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုဦးဆောင်ကော် မတီ ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းတို့သည် ဧရာဝတီတိုင်း ဒေသကြီးကျုံပျော်မြို့နယ်ရှိအထက (၁) ကျုံပျော်ကျောင်းသားကျောင်း သူဟောင်းများ၏(၁၄)ကြိမ်မြောက် အာစရိယပူဇော်ပွဲသို့ ယခုလ ၂၉ ရက် နံနက်ပိုင်းတွင် သွားရောက် ကန်တော့ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အထက(၁)ကျုံပျော် မှတပည့်ဟောင်းများက ကန်တော့ ခံဆရာကြီးဆရာမကြီးများအား ကန်တော့ခံပစ္စည်းများအသီးသီးပေး အပ်ဂါရဝပြုရာ ဦးဌေးဦးနှင့်ဒေါ်နီ နီဝင်းတို့ကလည်း ကန်တော့ခံဆရာ ကြီးဆရာမကြီးများအား တစ်ဦး ချင်းစီရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ပြီး ကန်တော့ခံပစ္စည်းများကို လည်းပေးအပ်ခဲ့ကြကြောင်း သိရ သည်။ ထို့နောက် ကန်တော့ခံ ဆရာကြီးဆရာမကြီးများကို ကျောင်းသားကျောင်းသူဟောင်းများ က ကာယကံ၊ ဝစီကံ၊ မနောကံ ဖြင့်ပြစ်မှားခဲ့မိသမျှဝန်ချတောင်းပန် ကန်တော့ခဲ့ကြသည်။ ထို့နောက် ကန်တော့ခံဆရာကြီးက ဆုံးမသြ ဝါဒစကားများပြောကြားပြီး အာ စရိယပူဇော်ပွဲဖြစ်မြောက်ရေးအလှူ ရှင်များ၊ ကျောင်းသားဟောင်းများ က အမှတ်တရစကားအသီးသီး ပြောကြားခဲ့ကာ အထက(၁)ကျုံ ပျော်ကျောင်းသားဟောင်းတစ်ဦး ဖြစ်သူ ပြည်ခိုင်ဖြိုးပါတီဗဟို နာယကဦးဌေးဦးကလည်း အမှတ် တရစကားများကို ပြောကြား၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

TTN