တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ပုသိမ်မြို့ပေါ်အခြေစိုက်နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့်ထောင်ကုန်း လမ်းထောင့်ရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ တွင် ပြည်ခိုင်ဖြိုးပါတီနှင့် ပုသိမ်မြို့ပေါ် အခြေစိုက်နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားကို အစီအစဉ်ခြောက်ရပ်ဖြင့်ပြုလုပ်ခဲ့သည်။ ဦးစွာ တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဗဟိုကော်မတီဝင် ဦးÓဏ်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ ယနေ့ပြုလုပ်သည့်တွေ့ဆုံပွဲသို့ တက် ရောက်လာကြသည့် နိုင်ငံရေးပါတီများအား ကြိုဆိုပါကြောင်း၊ ကိုယ် ရည်သွေးတာထက် မိမိပါတီရဲ့အကြောင်းကိုသိရှိပြီး ပူးပေါင်းဆောင်ရွက် နိုင်ရန်ဖြစ်ကြောင်း၊ ပိုမိုတိုးတက်ကောင်းမွန်သော မြန်မာနိုင်ငံတော်ကြီး တည်ဆောက်နိုင်စေရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသည့်ပါတီများက တစ်ဦးချင်းအပြန် အလှန်မိတ်ဆက်ပေးသည်။ ဆက်လက်၍ မိမိပါတီ၏ရည်ရွယ်ချက် သဘောထားများကို ဆွေးနွေးပြောကြားသည်။

ယနေ့တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီများဖြစ်သော ခေတ်သစ်ပြည်သူ့ ပါတီမှ ဦးလျံကွန်း(ခ)ဦးမြတ်သူ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ဦးအေးဟန်နှင့်ဦးမြအေး၊ ကရင် (KPP) ပါတီမှ ဦးမန်းစံထွန်း နှင့် ဦးမန်းအောင်ထွန်းခင်၊ NDF ပါတီမှ ဦးတင်ဝင်း၊ မြန်မာနိုင်ငံ တောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီမှ ဦးကိုကိုလွင်နှင့် ဦးအောင်မျိုးခိုင်တို့တက်ရောက်ကြသည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း ပါတီပေါင်း ၁၆ ခုရှိပြီး မြို့ပေါ်၌ ပါတီ ၁၁ ခု ရှိကြောင်းနှင့် ယင်းတို့အနက် ပါတီငါးခုတက်ရောက်ခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးÓဏ်လင်းက နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

ပုသိမ်ကိုကိုလတ်