ဖြိုးစေတနာနယ်လှည့်အခမဲ့ဆေးကုသမှုအဖွဲ့မှ သွားလာရခက်ခဲသော ကျေးရွာများအရောက်အခမဲ့ကွင်းဆင်းကုသပေး

 

ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးအောင်ကျော်မင်း ဦး ဆောင်မှုဖြင့်ကော့မှူးမြို့နယ်အတွင်း သွားလာရခက်ခဲသောကျေးရွာများ အရောက်သွားရောက်ကာ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီစောင့်ရှောက်ပေးလျက်ရှိ ကြောင်း သိရသည်။

ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ‘ဖြိုးစေတနာ’ တာဝန်ခံ ဆရာဝန်ဒေါက်တာသိန်းဇော်မြင့် တို့နှင့်ပူးပေါင်းပြီးဒီဇင်ဘာဒုတိယ အပတ်မှစတင်၍ အပတ်စဉ်စနေ နေ့တိုင်းကော့မှူးမြို့နယ်၏ရွာများ သို့သွားရောက်ကာ လိုအပ်သော ဆေးဝါးများ ကူညီပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းများ ကိုပြုလုပ်ပေးနေကြောင်းသိရသည်။
တစ်ပတ်လျှင် လူဦးရေ ၁ဝဝ ကျော်ကို ဆေးဝါးကူညီမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြု လုပ်ပေးလျက်ရှိကြောင်း၊ လူဦးရေ ၆ဝဝ ကျော် ကူညီပေးပြီးဖြစ် ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းကုသရေး အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် (ကွမ်းခြံကုန်း ပါတီဥက္ကဋ္ဌ)ဦးတင်လင်း၊ ကော့မှူး မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဇင်ဟိန်း၊ ကော့မှူးပြည် ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးကြည် ငြိမ်း၊ပါတီဘဏ္ဍာရေးမှူးဦးအေး နိုင်၊ မြို့နယ်ကော်မတီ ဦးလှဆန်း၊ အနောက်ခြမ်း နယ်မြေတာဝန်ခံ ဦးမြတ်ဟိန်းကျော်၊ ဦးကိုကိုလွင်၊ ကျေးရွာရှိပြည်ခိုင်ဖြိုးပါတီဝင်များ၊ အောက်ကြောင်းကျေးရွာအုပ်ချုပ် ရေးမှူး ဦးဇော်ထွန်းဦးနှင့်ကျေးရွာ ရွာမိရွာဖများ၊ တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ် ကော်မတီဝင်များက ဝိုင်းဝန်းကူညီ ခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)