သာကေတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဝါပဆွမ်းလောင်းလှူ

 

ရန်ကုန် မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်ကျောင်းတိုက်မှ သံဃာတော်အရှင်သူမြတ် တို့အား သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေ၊ အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် ပါတီကော်မတီဝင်များ၊ အမျိုးသမီးပရဟိတအဖွဲ့၊ လူငယ်ပရဟိတ အဖွဲ့၊အလုပ်သမား ပရဟိတအဖွဲ့များသည် ကြာသပတေးနေ့တိုင်း အပတ်စဉ် ဝါတွင်းဝါပ ဆွမ်း၊ဆွမ်းဟင်းနှင့်အချိုပွဲများကို စဉ်ဆက် မပြတ်လောင်းလှူခဲ့ရာ ယနေ့နံနက် ၉ နာရီတွင် သံဃာတော်များ အား ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူကုသိုလ်ယူခဲ့ကြောင်း သိရသည်။

TKA(သာကေတ)