ရန်ကုန်အရှေ့ပိုင်းခရိုင် ဖြိုးစေတနာနယ်လှည့်ဆေးကုသရေးအဖွဲ့ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကွင်းဆင်းဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၊ ရန်ကုန်အရှေ့ပိုင်း ခရိုင် ဖြိုးစေတနာနယ်လှည့်ဆေး ကုသရေးအဖွဲ့သည် ခရိုင်စည်းရုံး ရေးနယ်မြေအတွင်းရှိ မြို့နယ်/ ရပ်ကွက်နှင့်ကျေးရွာများရှိ ဒေသခံ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ်ပါတီကော်မတီများနှင့်ညှိနှိုင်း ချိတ်ဆက်၍ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ဆရာဝန် များ၊ သူနာပြုများ၊ ဆေးဝါးကျွမ်း ကျင်သူများဖြင့် ကွင်းဆင်းဆောင် ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ တွင် ယမန်နေ့နံနက် ၈နာရီတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၊ စည်းရုံးရေးနယ်မြေအတွင်းရှိ အမှတ်(၁၅၅)ရပ်ကွက်သို့ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေလင်း၊ မြို့နယ်ကော်မတီဝင်များ၊ ဖြိုးစေတနာနယ်လှည့်ဆေးကုသ ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေး ရွာပါတီဝင်များ လိုက်ပါလျက် ကျေးရွာအတွင်းရှိ ဒေသခံမိဘ ပြည်သူများအား ရတနာလမ်းရှိ အမှတ်(၂၃)အခြေခံပညာမူလတန်း ကျောင်းတွင် အခြေပြုကာ ကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကို ဆောင်ရွက်ကြသည်။
နယ်လှည့်ဆေးကုသရေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆောင် ရွက်ရာသို့ ပါတီအရန်ဗဟိုကော် မတီဝင်များဖြစ်ကြသည့် ရန်ကုန် အရှေ့ပိုင်းခရိုင် အတွင်းရေးမှူး ဒေါက်တာကျော်စိုးနှင့် ဘဏ္ဍာရေး မှူး (နယ်မြေတာဝန်ခံ)၊ ဖြိုးစေတ နာနယ်လှည့်ဆေးကုသရေးအဖွဲ့ တာဝန်ခံ၊ ဒေါ်အေးအေးမြင့်တို့ သည် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးနေလင်း၊ မြို့နယ် ပါတီကော်မတီနှင့်အတူ ကျန်းမာ ရေးစောင့်ရှောက်မှုခံယူကြသည့် ဒေသခံမိဘပြည်သူများအားတွေ့ဆုံ အားပေး၍ လိုအပ်သည်များကို ပံ့ပိုးကူညီပေးကြသည်။

ဖြိုးစေတနာနယ်လှည့် ကျန်းမာ ရေးစောင့်ရှောက်မှုကွင်းဆင်းဆောင် ရွက်ရာသို့ယမန်နေ့တွင်အထွေထွေ ရောဂါကုသမှုခံယူသူ ၁၂၅ ဦး၊ သွားရောဂါကုသမှုယူသူ ၃ဝ ဦး၊ မျက်စိဝေဒနာကုသမှုခံယူသူ ၄ဝဦး စုစုပေါင်း ကုသမှုခံယူသူ ဒေသခံ မိဘပြည်သူ ၁၉၅ဦးရှိပြီး ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို ညနေ ၄ နာရီအထိ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လှမျိုး(ဒဂုံအရှေ့)