ကျေးရွာပါတီဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းကျင်းပ

 

မြစ်သား ဇန်နဝါရီ ၂၄

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် တင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က အုန်းကုန်းကျေးရွာပါတီဥက္ကဋ္ဌ ဦးလွန်းမောင် နေအိမ်၌ကျင်းပရာ ကျောက်ဆည်ခရိုင်အတွင်း ရေးမှူးဦးစန်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင် ကြည်တို့က အမွှေးနံ့သာများဖြင့် ပက်ဖျန်း၍ အောင်မြင်စွာ ကျင်းပခဲ့သည်။

အဆိုပါဆိုင်းဘုတ်တင်အခမ်းအနားသို့ကျောက် ဆည်ခရိုင်ပါတီအတွင်းရေးမှူးဦးစန်းမြင့်၊မြို့နယ် ပါတီဥက္ကဋ္ဌဦးအောင်ကြည်၊မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်ပါတီဝင်များ တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ရေနွေး ကြမ်းစကားဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

SL