လက်စတာအသင်းကို အသင်းပရိသတ်များက ရန်ကုန်လေဆိပ်၌ ကြိုဆိုမည်

Leicester’s team manager Claudio Ranieri and Leicester’s Wes Morgan lift the trophy as Leicester City celebrate becoming the English Premier League soccer champions at King Power stadium in Leicester, England, Saturday, May 7, 2016.(AP Photo/Matt Dunham)

ယခုနှစ် အင်္ဂလန်ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်း အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အေပီ)

 ရွှေတိဂုံစေတီတော်သို့ လာရောက်မည့် အင်္ဂလန်ပရီးမီး ယားလိဂ်ချန်ပီယံ လက်စတာအသင်းကို မြန်မာနိုင်ငံမှ လက်စတာ အသင်းပရိသတ်များက လေယာဉ် ကွင်းသို့ သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၅-၁၆ ရာသီ ပရီးမီး ယားလိဂ်ဖလား ရရှိခဲ့သည့် လက်စတာစီးတီးအသင်းသည် ထိုင်းနိုင်ငံသို့ မေလ ၁၈ ရက်တွင် လာရောက်မည်ဖြစ်သည်။ ယင်းခရီးစဉ်အတွင်း အသင်းပိုင်ရှင်၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ မေလ ၂၂ ရက် ညနေ၌ လာရောက်မည်ဖြစ်ကြောင်း ယင်းခရီးစဉ်ကို တာဝန်ယူစီစဉ်နေသည့် ထိုင်းနိုင်ငံ အခြေစိုက် Parkit ကြော်ငြာကုမ္ပဏီ မန်နေဂျာ ဦးချမ်းမြေ့ကိုကိုလွင်က ပြောကြားသည်။

‘‘လက်စတာစီးတီးတစ်သင်း လုံး လာမယ်လို့ပြောတယ်။ ရန် ကုန်ကိုရောက်ရင် အသင်းပရိသတ် သုံးရာလောက်ကို ဂျာစီပေးပြီး ကြိုဆိုဖို့ လုပ်ထားတယ်’’ဟု ဦး ချမ်းမြေ့ကိုကိုလွင် က ပြောသည်။

လက်စတာစီးတီးအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပါက အလှမယ်များ၊ အနုပညာရှင် များက ပန်းစည်းများ ပေးအပ်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

‘‘လက်စတာအသင်းက နေ့ချင်းပြန်လာမှာဆိုတော့ အချိန်မရတဲ့အတွက် ပရိသတ်တွေနဲ့ သီး သန့်တွေ့ဆုံနိုင်တော့မှာ မဟုတ် ဘူး’’ဟု ဦးချမ်းမြေ့ကိုကိုလွင်က ပြောသည်။

လက်စတာစီးတီးအသင်းသည် ၂၀၁၄ ဘောလုံးရာသီက ပထမတန်းမှ အင်္ဂလန်ပရီးမီးယားလိဂ်သို့ တန်းတက်ခဲ့သည့် အသင်းဖြစ်သည်။ တန်းတက်ခဲ့သည့်နှစ်တွင် ရုန်းကန်ခဲ့ရသော်လည်း ယ ခုနှစ်ဘောလုံးရာသီ၌ နည်းပြ ရာနီရေရီအား နည်းပြချုပ် ခန့်အပ်ခဲ့ပြီး ၁၃၂ နှစ်အတွင်း ပထမဆုံး လိဂ်ဖလား ရယူနိုင်ခဲ့သည်။

လက်စတာအသင်းသည် ထိုင်းစီးပွားရေးလုပ်ငန်းရှင်ဗီချိုင်း တစ်ဦးတည်း ပိုင်ဆိုင်သည့် အသင်းဖြစ်သည်။ ၂၀၁၅ မေလအတွင်းက အသင်းပိုင်ရှင်အပါအ၀င် ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များ ရွှေတိဂုံစေတီတော်သို့ လာရောက်ခဲ့ဖူးပြီး လက်စတာအသင်း ရလဒ်ကောင်းများ ရရှိစေရန် ထိုင်းဘုန်းတော်ကြီးများက ရွှေတိဂုံ စေတီတော် တွင် ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။     7 Daydaily


Leave a Reply