မြန်မာ့လက်ရွေးစင်အသင်း နည်းပြအဖြစ် လစ်ဘနွန်နည်းပြဟောင်းကို ခန့်အပ်

မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်အဖြစ် မွန်တီနီဂရိုး နိုင်ငံသားနည်းပြ မီရိုဒရပ် ရာဂျူလိုဗစ်အား ခန့်အပ်လိုက်တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ လစ်လပ်နေတဲ့ မြန်မာလက်ရွေးစင် အသင်းနည်းပြချုပ်နေရာအတွက် မွန်တီနီဂရိုး နိုင်ငံသားနည်းပြ Miodrag Radulovi နဲ့ လက်ထောက်နည်းပြ တဦးကို မကြာမီ စာချုပ်သွားမယ်လို့ ဆိုပါတယ်။ အဆိုပါ အသက် ၅၁ နှစ်အရွယ်နည်းပြဟာ လက်ဘနွန် လက်ရွေးစင်အသင်းအား ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ မတ်လကုန်ပိုင်းအထိ တာဝန်ယူကိုင်တွယ်ခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းအား ကိုင်တွယ်ဖို့ ဆက်သွယ်လာခဲ့တာပါ။ ရာဂျူလိုဗစ်ဟာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရဲ့ အပြီးသတ် ရွေးချယ်စာရင်းမှာ ပါဝင်လာခဲ့ပြီးနောက် အင်တာဗျူးတွေမှာ သဘောတူညီမှုရရှိကာ လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ရာထူးရရှိခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဟာ ရာဂျူလိုဗစ်နဲ့ ၂၀၂၀ ဒီဇင်ဘာအထိ စာချုပ်သွားမှာဖြစ်ပြီး တရားဝင်စာချူပ် ချူပ်ဆိုပွဲနဲ့ သတင်းစာ ရှင်းလင်းပွဲကို မကြာမီ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ရာဂျူလိုဗစ်ဟာ နည်းပြဘဝကို ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့ပြီး ဆာဘီးယားနဲ့ မွန်တီနီဂရိုး ယူ ၂၁ နဲ့ ယူ ၁၉ လက်ရွေးစင်နဲ့ ကလပ်အသင်းတွေ၊ ပေါ်တူဂီကလပ် ဘိုအာဗစ်စတာ၊ ရာရှားကလပ် ဒိုင်နမို မော်စကို အစရှိတဲ့ ကာဇက်စတန်၊ ကူဝိတ်၊ မွန်တီနီဂရိုးတို့မှ ကလပ်တွေကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ လက်ဘနွန်အသင်းအား စတင်ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်း ယခင်နည်းပြ အန်တွန်နီဟေးဟာ ပြီးခဲ့တဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာကြောင့် မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ လမ်းခွဲခဲ့ရတာပါ။

Source:MFF