ေအဂ်က္အသင္းက နည္းျပစတိန္ကို ရာထူးမွ ထုတ္ပယ္

ေအာက္တိုဘာ ၂၄

တန္းဆင္းဇုန္ထဲေရာက္ေနတဲ့ ေအဂ်က္အသင္းသည္ နည္းျပေမာ္ရိစတိန္ကို ရာထူးမွ ထုတ္ပယ္လိုက္ေၾကာင္း အတည္ျပဳထုတ္ျပန္ခဲ့ပါသည္။

ၿပိဳင္ပြဲစုံမွာ ၈ ပြဲဆက္တိုက္ နိုင္ပြဲေပ်ာက္ခဲ့တဲ့ ေအဂ်က္အသင္းသည္ ေဟာ္လန္လိဂ္ ၁၈ သင္းမွာ အဆင့္ ၁၇ ေနရာအထိ က်ဆင္းသြားခဲ့ရသည္။

တနဂၤေႏြေန႔က ကစားခဲ့တဲ့ အူထရတ္နဲ႔ ပြဲစဥ္မွာ ၄ ဂိုး ၃ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီး ပရိသတ္ေတြကလည္း မီးရႉးမီးပန္းေတြ ကြင္းထဲပစ္ခ်ကာ ကစားသမားေတြကို ေအာ္ဟစ္ ေဝဖန္ခဲ့ၾကသည္။

နည္းျပစတိန္သည္ ၂၀၂၃ ခုႏွစ္ ဇူလိုင္လမွာ စတင္တာဝန္ယူခဲ့တာျဖစ္ၿပီး ကာလတိုအတြင္းမွာပဲ ရာထူးမွ ထုတ္ပယ္ခံလိုက္ရေၾကာင္း သိရွိရပါသည္။

=======================

အေဂျက်အသင်းက နည်းပြစတိန်ကို ရာထူးမှ ထုတ်ပယ်

အောက်တိုဘာ ၂၄

တန်းဆင်းဇုန်ထဲရောက်နေတဲ့ အေဂျက်အသင်းသည် နည်းပြမော်ရိစတိန်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါသည်။

ပြိုင်ပွဲစုံမှာ ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ အေဂျက်အသင်းသည် ဟော်လန်လိဂ် ၁၈ သင်းမှာ အဆင့် ၁၇ နေရာအထိ ကျဆင်းသွားခဲ့ရသည်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အူထရတ်နဲ့ ပွဲစဉ်မှာ ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရိသတ်တွေကလည်း မီးရှူးမီးပန်းတွေ ကွင်းထဲပစ်ချကာ ကစားသမားတွေကို အော်ဟစ် ဝေဖန်ခဲ့ကြသည်။

နည်းပြစတိန်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ကာလတိုအတွင်းမှာပဲ ရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရှိရပါသည်။