နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် တစ်ချက်တည်းနဲ့ကျင်းဝင်အောင် ရိုက်နိုင်ခဲ့တဲ့ တိုက်ဂါးဝုဒ်

ဘဟားမားနိုင်ငံမှာ ကျင်းပမယ့် Hero World Challenge ပြိုင်ပွဲအတွက် လေ့ကျင့်နေတဲ့ နာမည်ကျော် ဂေါ့ဖ်ရိုက်သမား တိုက်ဂါးဝုဒ်ဟာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် တစ်ချက်တည်းနဲ့ ကျင်းဝင်အောင် ရိုက်နိုင်ခဲ့ပါတယ်။ တိုက်ဂါးဝုဒ်ဟာ ဂေါ့ဖ်ပြိုင်ပွဲသမိုင်းကို အကြီးအကျယ် လွှမ်းမိုးနိုင်ခဲ့ပေမဲ့ အဓိကဆုဖလား ၁၄ လုံးအနက် ၁၃ လုံး ဆွတ်ခူးနိုင်ချိန်မှာ တစ်ချက်တည်းနဲ့ ကျင်းဝင်ခဲ့ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်က ကယ်လီဖိုးနီးယားပြည်နယ် လာကွင်တာမြို့က မက်ဒီဆန်ကလပ်ရဲ့ သုံးချက်ကွင်းရဲ့ ဒုတိယကျင်းကို တစ်ချက်တည်းနဲ့ ကျင်းဝင်ခဲ့တာပါ။ သူဟာ ကိုက် ၂၁၀ အကွာကနေ ကျင်းဝင်အောင် ရိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ဂါးဝုဒ်ဟာ သူ့ဘဝမှာ တစ်ချက်တည်းနဲ့ ကျင်းဝင်အောင် ရိုက်နိုင်တဲ့ အကြိမ် ၂၀ ရှိပေမဲ့ ၁၉၉၈ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ကျင်းဝင်အောင် ရိုက်နိုင်ခဲ့တာပါ။

-Ref: Skysports