ျပည္ခိုင္ၿဖိဳးပါတီဗဟိုလူငယ္ေရးရာတာ၀န္ခံ ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး၊လွည္ကူးၿမိဳ႕နယ္မွ ပါတီဝင္ လူငယ္မ်ားႏွင့္စကားဝိုင္းျပဳလုပ္

လွည္းကူး ေအာက္တိုဘာ ၂၃
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၊ လူငယ္ေရးရာတာ၀န္ခံ၊ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေအာင္ျမတ္ဦးႏွင့္ ဗဟိုအလုပ္အမႈေဆာင္
( ေအာက္ျမန္မာျပည္) လူငယ္ေရးရာတာဝန္ခံ ေဒၚသဂႌဝင္းေရႊတို႔သည္ေအာက္တိုဘာလ (၂၃)ရက္ေန႔ မြန္းလြဲပိုင္းကလွည္းကူးၿမိဳ႕နယ္၊ ျပည္ခိုင္ၿဖိဳး ပါတီ႐ုံးအစည္းအေဝးခန္းမတြင္ လွည္ကူးၿမိဳ႕နယ္ရွိပါတီဝင္လူငယ္မ်ား၊ ပါတီကိုေထာက္ခံဝန္းရံေသာလူငယ္မ်ားႏွင့္ ေတြ႕ဆုံ၍လူငယ္ေရးရာစကားဝိုင္းျပဳလုပ္ခဲ့ပါ
သည္။
လူငယ္ေရးရာတာ၀န္ခံ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေအာင္ျမတ္ဦးက တိုင္းျပည္ကိုတည္ေဆာက္ရာတြင္ အဓိအားမွာ လူငယ္မ်ိဳးဆက္သစ္မ်ားျဖစ္ေၾကာင္း လူငယ္ထု၏ စုေပါင္းညီညာစြာ ပါ၀င္အားျဖည့္ လႈပ္ရွားမွသာ မိမိတို႔နိုင္ငံ ရင္ဆိုင္ ၾကဳံေတြ႕ ေက်ာ္ျဖတ္ရမည့္ အခက္အခဲ ျပႆနာမ်ားအားေျဖရွင္းနိုင္မည္ျဖစ္ပါေၾကာင္း စသည္ျဖင့္ ရွင္းလင္းေျပာၾကားခဲ့ပါသည္။
ဆက္လက္၍ ျပည္ခိုင္ၿဖိဳးပါတီ ( ေအာက္ျမန္မာျပည္) လူငယ္ေရးရာတာ၀န္ခံဗဟိုအလုပ္အမႈေဆာင္ ေဒၚသိဂႌ၀င္းေရႊမွ လူငယ္မ်ား၏ အရည္အခ်င္း၊စိတ္ဓါတ္၊ ႀကိဳးစားအားထုတ္မႈ ၊ေတြးေခၚ ေျမႇာ္ျမင္နိုင္မႈစြမ္းအားမ်ားသည္ အနာဂတ္နိုင္ငံအတြက္ အားမ်ားျဖစ္ရန္လိုေၾကာင္းႏွင့္လမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္ တည့္မတ္ေပးရမွာျဖစ္ေၾကာင္း၊လူငယ္ဆိုသည္မွာစူးစမ္းလိုစိတ္ရွိသျဖင့္အရာရာကိုစဥ္းစား ခ်င့္ခ်ိန္ရန္လိုအပ္ေၾကာင္းေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္တက္ေရာက္လာၾကေသာပါတီဝင္ လူငယ္မ်ားကသက္ဆိုင္ရာနယ္ေျမမ်ားအလိုက္ ပါတီလုပ္ငန္းမ်ားလုပ္ေဆာင္ရာတြင္ ရင္ဆိုင္ၾကဳံေတြ႕ခဲ့ရေသာ ေဆြးေႏြးတင္ျပခ်က္မ်ား၊ အမ်ားျပည္သူအက်ိဳးျပဳ လူမူပရဟိတလုပ္ငန္းမ်ားတြင္ညီညာစုစည္း၍ လႈပ္ရွားကူညီေဆာင္ရြက္နိုင္ခဲ့မႈလုပ္ငန္းစဥ္မ်ား၊လူငယ္ႏွင့္အလုပ္အကိုင္အခြင့္အလမ္းရရွိေရးကိစၥမ်ား၊ လူငယ္ထု၏စိတ္ေနသေဘာထားႏွင့္ ပါတီတြင္းပူးေပါင္းပါဝင္မႈအေျခအေနမ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ၿပီး၎တို႔သိရွိလိုသည္မ်ားကို ေမးျမန္းျခင္း၊ ေဆြးေႏြးျခင္း ၊အႀကံျပဳျခင္း ၊ တင္ျပျခင္း စသည္တို႔ကိုလုပ္ေဆာင္ခဲ့​ပါသည္။
လူငယ္မ်ား၏ ေဆြးေႏြး အႀကံျပဳ တင္ျပခ်က္ မ်ားအေပၚ ပါတီတာဝန္ရွိသူမ်ားမွ ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ၿပီး လူငယ့္ေရးရာစကားဝိုင္းကို႐ုပ္သိမ္းခဲ့ေၾကာင္း
သတင္းရရွိပါသည္။

============================

ပြည်ခိုင်ဖြိုးပါတီဗဟိုလူငယ်ရေးရာတာ၀န်ခံ နှင့် ရန်ကုန်တိုင်းဒေသကြီး၊လှည်ကူးမြို့နယ်မှ ပါတီဝင် လူငယ်များနှင့်စကားဝိုင်းပြုလုပ်

လှည်းကူး အောက်တိုဘာ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ လူငယ်ရေးရာတာ၀န်ခံ၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်
( အောက်မြန်မာပြည်) လူငယ်ရေးရာတာဝန်ခံ ဒေါ်သင်္ဂီဝင်းရွှေတို့သည်အောက်တိုဘာလ (၂၃)ရက်နေ့ မွန်းလွဲပိုင်းကလှည်းကူးမြို့နယ်၊ ပြည်ခိုင်ဖြိုး ပါတီရုံးအစည်းအဝေးခန်းမတွင် လှည်ကူးမြို့နယ်ရှိပါတီဝင်လူငယ်များ၊ ပါတီကိုထောက်ခံဝန်းရံသောလူငယ်များနှင့် တွေ့ဆုံ၍လူငယ်ရေးရာစကားဝိုင်းပြုလုပ်ခဲ့ပါ
သည်။
လူငယ်ရေးရာတာ၀န်ခံ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦးက တိုင်းပြည်ကိုတည်ဆောက်ရာတွင် အဓိအားမှာ လူငယ်မျိုးဆက်သစ်များဖြစ်ကြောင်း လူငယ်ထု၏ စုပေါင်းညီညာစွာ ပါ၀င်အားဖြည့် လှုပ်ရှားမှသာ မိမိတို့နိုင်ငံ ရင်ဆိုင် ကြုံတွေ့ ကျော်ဖြတ်ရမည့် အခက်အခဲ ပြဿနာများအားဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ( အောက်မြန်မာပြည်) လူငယ်ရေးရာတာ၀န်ခံဗဟိုအလုပ်အမှုဆောင် ဒေါ်သိင်္ဂီ၀င်းရွှေမှ လူငယ်များ၏ အရည်အချင်း၊စိတ်ဓါတ်၊ ကြိုးစားအားထုတ်မှု ၊တွေးခေါ် မြှော်မြင်နိုင်မှုစွမ်းအားများသည် အနာဂတ်နိုင်ငံအတွက် အားများဖြစ်ရန်လိုကြောင်းနှင့်လမ်းကြောင်းမှန်ပေါ်ရောက်အောင် တည့်မတ်ပေးရမှာဖြစ်ကြောင်း၊လူငယ်ဆိုသည်မှာစူးစမ်းလိုစိတ်ရှိသဖြင့်အရာရာကိုစဥ်းစား ချင့်ချိန်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်တက်ရောက်လာကြသောပါတီဝင် လူငယ်များကသက်ဆိုင်ရာနယ်မြေများအလိုက် ပါတီလုပ်ငန်းများလုပ်ဆောင်ရာတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ဆွေးနွေးတင်ပြချက်များ၊ အများပြည်သူအကျိုးပြု လူမူပရဟိတလုပ်ငန်းများတွင်ညီညာစုစည်း၍ လှုပ်ရှားကူညီဆောင်ရွက်နိုင်ခဲ့မှုလုပ်ငန်းစဥ်များ၊လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကိစ္စများ၊ လူငယ်ထု၏စိတ်နေသဘောထားနှင့် ပါတီတွင်းပူးပေါင်းပါဝင်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၎င်းတို့သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဆွေးနွေးခြင်း ၊အကြံပြုခြင်း ၊ တင်ပြခြင်း စသည်တို့ကိုလုပ်ဆောင်ခဲ့​ပါသည်။
လူငယ်များ၏ ဆွေးနွေး အကြံပြု တင်ပြချက် များအပေါ် ပါတီတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လူငယ့်ရေးရာစကားဝိုင်းကိုရုပ်သိမ်းခဲ့ကြောင်း
သတင်းရရှိပါသည်။