သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည့် ရွေးကောက်ပွဲကော်မရှင်အပေါ် ယုံကြည်မှုမရှိဟုပြောဆိုခဲ့ခြင်းအပေါ် ကော်မရှင်မှ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်အား ခေါ်ယူဆွေးနွေး

ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်များအပေါ် ယုံကြည်မှုမရှိကြောင်း ပြောဆိုခဲ့ခြင်းအပေါ် ရွေးကောက်ပွဲကော်မရှင်မှ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ရွေးကောက်ပွဲကော်မရှင်မှ ဒေါက်တာနန္ဒာလှမြင့်အား ကော်မရှင်အပေါ် အဘယ်ကြောင့် ယုံကြည်မှုမရှိဟုမေးမြန်းမှုအပေါ် ဒေါက်တာနန္ဒာလှမြင့်မှ အချက်အလက် အထောက်အထား ၈ ချက်တို့ဖြင့် ပြန်လည်တင်ပြဆွေးနွေးခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်မှလည်း ရှင်းလင်းတင်ပြချက်များအပေါ် လက်ခံ သဘောတူညီခဲ့ပြီး ၎င်းတို့ဘက်မှလည်း လက်ရှိဆုံးဖြတ်ချက်များမှာ ဥပဒေအရဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

လက်ရှိခေါ်ယူတွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်အမြင်များနားလည်မှုရရှိခဲ့ပြီး လက်ရှိ ရွေးကောက်ပွဲကော်မရှိ၏ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ မှန်ခြင်း၊ မှားခြင်းဆိုသည်မှာ သမိုင်းကဆုံးဖြတ် ပေးသွားလိမ့်မည်ဟု ဒေါက်တာနန္ဒာလှမြင့်မှ ရှင်းလင်းတင်ပြခဲ့ပါသည်။

ယခု ရွေးကောက်ပွဲကော်မရှင်နှင့် ဒေါက်တာနန္ဒာလှမြင့်တို့တွေ့ဆုံဆွေးနွေးမှုသည့် အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုသာဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များစုံလင်စွာတက်ရောက်ခဲ့ကြောင်းသိရသည်။