
လှည်ကူး အောက်တိုဘာ ၂၃

=======================

Project Cycle Management အကောင်ထည်ဖော်ဆောင်ရွက်နေခြင်းအပေါ် အားသားချက်၊အားနည်းချက်များအားသုံးသပ် ဆွေးနွေး

လှည်ကူး အောက်တိုဘာ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တာဝန်ခံ၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦးနှင့်အောက်မြန်မာပြည် လူငယ်တာဝန်ခံဗဟိုအလုပ်အမှုဆောင်ဒေါ်သိင်္ဂီဝင်းရွှေတို့သည်(၂၃.၁၀.၂၀၂၃)နေ့နံနက်ပိုင်းတွင်၊ရန်ကုန်ကုန်တိုင်းဒေကြီး၊လှည်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌လှည်းကူးမြို့နယ်ပါတီမှ Project Cycle Management အကောင်အထည်ဖော်ဆောင်ရွက်နေမှု့အပေါ် KPI(Check List)ဖြင့် အကဲဖြတ်ကြည့်ရှု စစ်ဆေးပြီး ခရိုင် ၊မြို့နယ်ပါတီကော်မတီ၀င်များနှင့်တွေ့ဆုံကာ အားသာချက်၊အားနည်းချက်များအား သုံးသပ်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။