ျပည္ခိုင္ၿဖိဳးပါတီဗဟို လူငယ္ေရးရာတာ၀န္ခံ ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး မွ တိုင္း၊ခရိုင္၊ၿမိဳ႕နယ္ပါတီဝင္ လူငယ္တာ၀န္ခံမ်ားေတြ႕ဆုံေဆြးေႏြး

ရန္ကုန္ ေအာက္တိုဘာ ၂၂
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိးေရးပါတီ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠဌ ဦးခင္ေမာင္စိုး၊ ဗဟိုအလုပ္အမႈေဆာင္ လူငယ္ေရးရာတာ၀န္ခံ ေဒါက္တာေအာင္ျမတ္ဦးႏွင့္ ဗဟိုအလုပ္အမႈေဆာင္( ေအာက္ျမန္မာျပည္) လူငယ္ေရးရာတာဝန္ခံ ေဒၚသဂႌဝင္းေရႊတို႔သည္ေအာက္တိုဘာလ (၂၂ )ရက္ေန႔ မြန္းလြဲပိုင္းက ရန္ကုန္တိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံးအစည္းအေဝးခန္းမတြင္ တိုင္း၊ခရိုင္၊ၿမိဳ႕နယ္ပါတီမ်ားရွိ လူငယ္တာ၀န္ခံမ်ားႏွင့္ေတြ႕ဆုံ၍ ေဆြးေႏြးခဲ့ၾကသည္။ ေရွးဦးစြာ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠဌ ဦးခင္ေမာင္စိုးမွ အဖြင့္အမွာစကားေျပာၾကားရာတြင္ ယေန႔ျပဳလုပ္ေသာ အခမ္းအနားသည္ ပါတီ၏လူငယ္ေရးရာက႑၏ ေတြ႕ဆုံပြဲျဖစ္ပါေၾကာင္း၊ ျပည္ခိုင္ၿဖိဳးပါတီသမိုင္းအစဥ္အလာမ်ားအား ျပန္ေလ့လာ ဆန္းစစ္ၾကည့္ပါက အသင္းကတည္းကပင္ ပါတီ၏လူငယ္ေရးရာ က႑အား ျမႇင့္တင္ေရးကိုဦးစားေပး ေဆာင္ရြက္ခဲ့ေၾကာင္း၊ မိမိတို႔နိုင္ငံအေနျဖင့္ ကမၻာ့နိုင္ငံမ်ားႏွင့္ရင္ေဘာင္တန္းနိုင္ရန္အတြက္ လူငယ္ထုအားကို အထူးလိုအပ္ပါေၾကာင္းစသည့္အခ်က္မ်ားကိုအေသးစိတ္ေျပာၾကားခဲ့ပါသည္။
အစီစဥ္အရျပည္ခိုင္ၿဖိဳးပါတီ၏ ( ေအာက္ျမန္မာျပည္)လူငယ္ေရးရာတာ၀န္ခံ ေဒၚသိဂႌ၀င္းေရႊမွ လူငယ္မ်ား၏ အရည္အခ်င္း၊စိတ္ဓါတ္၊ ႀကိဳးစားအားထုတ္မႈ ၊ေတြးေခၚ ေျမႇာ္ျမင္နိုင္မႈစြမ္းအားမ်ားသည္ အနာဂတ္နိုင္ငံအတြက္ အားမ်ားျဖစ္ရန္လိုေၾကာင္းႏွင့္လမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္ တည့္မတ္ေပးရမွာျဖစ္ေၾကာင္း၊ PCM စီမံခ်က္ေရးဆြဲရာ၌ ပါ၀င္သင့္သည့္အခ်က္မ်ား ၊ထည့္သြင္းစဥ္းစားရမည့္ နည္းလမ္းမ်ားကို အေျခခံ၍ လက္ေတြက်က် အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္၊တိုင္း/ ခရိုင္မ်ားမွ ၾကပ္မတ္ စစ္ေဆး monitoringလုပ္ေဆာင္ေပးရန္၊ ေဆာင္ရြက္မႈမ်ားအား KPI (Check List)ျဖင့္စစ္ေဆးမည့္ အခ်က္မ်ားအား အေသးစိတ္ခ်ျပရွင္းလင္း ေဆြးေႏြးခဲ့ပါသည္။
ထပ္မံ၍ ပါတီ၏ဗဟိုလူငယ္ေရးရာတာ၀န္ခံ ေဒါက္တာေအာင္ျမတ္ဦးက တိုင္းျပည္ကိုတည္ေဆာက္ရာတြင္ အဓိအားမွာ လူငယ္မ်ိဳးဆက္သစ္မ်ားျဖစ္ေၾကာင္း လူငယ္ထု၏ စုေပါင္းညီညာစြာ ပါ၀င္အားျဖည့္ လႈပ္ရွားမွသာ မိမိတို႔နိုင္ငံ ရင္ဆိုင္ ၾကဳံေတြ႕ ေက်ာ္ျဖတ္ရမည့္ အခက္အခဲ ျပႆနာမ်ားအားေျဖရွင္းနိုင္မည္ျဖစ္ပါေၾကာင္း စသည္ျဖင့္ ရွင္းလင္းေျပာၾကားခဲ့ပါသည္။
အစီစဥ္အရ ရန္ကုန္တိုင္းေဒသႀကီးပါတီ လူငယ္ေရးရာတာ၀န္ခံ ေဒါက္တာထြန္းထြန္း၀င္းမွ ေဆြးေႏြးတင္ျပခဲ့ရာတြင္ Project ကိုဘယ္လိုအေကာင္အထည္ေဖာ္ရမည့္အခ်က္မ်ား၊ လိုက္နာသတိျပဳရမည့္အခ်က္မ်ား၊ က်င့္သုံးရမည့္အခ်က္အလက္မ်ားကို ယခင္ေတြ႕ဆုံပြဲမ်ားတြင္အေသးစိတ္ရွင္းလင္းေျပာၾကားၿပီးျဖစ္ပါေၾကာင္း ၊ၿမိဳ႕နယ္/ခရိုင္ သက္ဆိုင္ရာနယ္ေျမ၏ ပါတီတာ၀န္ရွိသူမ်ားႏွင့္အတူတကြ ေပါင္းစပ္ညႇိႏွိုင္း၍ အေကာင္အထည္ေဖာ္ေဆာင္ေနပါေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာလႈပ္ရွားမႈ အေနျဖင့္ တိုင္း၊ ခရိုင္ ၊ၿမိဳ႕နယ္၊ရပ္ကြက္ေက်းရြာအုပ္စု အထိကြင္းဆင္း၍ လူငယ္ထုႏွင့္ေတြ႕ဆုံ၍ ေဆြးေႏြးျခင္း ၊ သက္ဆိုင္ရာနယ္ေျမမ်ားအလိုက္ လူငယ္ထုႏွင့္ေတြ႕ဆုံရာတြင္ ရင္ဆိုင္ၾကဳံေတြ႕ခဲ့ရေသာ ေဆြးေႏြးတင္ျပခ်က္မ်ား၊ အမ်ားျပည္သူအက်ိဳးျပဳ လူမူပရဟိတလုပ္ငန္းမ်ားတြင္ညီညာစုစည္း၍ လႈပ္ရွားကူညီေဆာင္ရြက္နိုင္ခဲ့မႈလုပ္ငန္းစဥ္မ်ား၊ လူငယ္ထု၏စိတ္ေနသေဘာထားႏွင့္ ပါတီတြင္းပူးေပါင္းပါဝင္မႈအေျခအေနမ်ားအား ရွင္းလင္းေဆြးေႏြးခဲ့သည္။ထပ္မံ၍ တက္ေရာက္လာၾကေသာ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိခရိုင္မ်ား ၊ လွည္းကူးၿမိဳ႕နယ္၊ ထန္းတပင္ၿမိဳ႕နယ္၊ တိုက္ႀကီးၿမိဳ႕တို႔မွ လူငယ္တာ၀န္ခံမ်ားမွ Project cycle management အေကာင္အထည္ေဖာ္ ေဆာင္ရြက္မႈမ်ားႏွင့္ပတ္သက္၍ အသီးသီး ေဆြးေႏြးတင္ျပခဲ့ၾကပါသည္။
ထို႔ေနာက္တက္ေရာက္လာၾကေသာပါတီဝင္ လူငယ္မ်ားက သိရွိလိုသည္မ်ားကို ေမးျမန္းျခင္း၊ ေဆြးေႏြးျခင္း ၊အႀကံျပဳျခင္း ၊ တင္ျပျခင္း ၊ထင္ျမင္ယူဆခ်က္မ်ား စသည္တို႔ကိုလုပ္ေဆာင္ခဲ့ၿပီး လူငယ္မ်ား၏ ေဆြးေႏြး အႀကံျပဳ တင္ျပခ်က္မ်ားအေပၚ ပါတီတာဝန္ရွိသူမ်ားမွ ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ၿပီး လူငယ္မ်ားအား ရင္းႏွီးခ်စ္ၾကည္စြာတစ္ဦးခ်င္းလိုက္လံ ႏႈက္ဆက္ခဲ့ၿပီး အခမ္းအနားကို႐ုပ္သိမ္းခဲ့ပါသည္။

=======================

ပြည်ခိုင်ဖြိုးပါတီဗဟို လူငယ်ရေးရာတာ၀န်ခံ နှင့် ရန်ကုန်တိုင်းဒေသကြီး မှ တိုင်း၊ခရိုင်၊မြို့နယ်ပါတီဝင် လူငယ်တာ၀န်ခံများတွေ့ဆုံဆွေးနွေး

ရန်ကုန် အောက်တိုဘာ ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိးရေးပါတီ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဌ ဦးခင်မောင်စိုး၊ ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာ၀န်ခံ ဒေါက်တာအောင်မြတ်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်( အောက်မြန်မာပြည်) လူငယ်ရေးရာတာဝန်ခံ ဒေါ်သင်္ဂီဝင်းရွှေတို့သည်အောက်တိုဘာလ (၂၂ )ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် တိုင်း၊ခရိုင်၊မြို့နယ်ပါတီများရှိ လူငယ်တာ၀န်ခံများနှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးခင်မောင်စိုးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သော အခမ်းအနားသည် ပါတီ၏လူငယ်ရေးရာကဏ္ဍ၏ တွေ့ဆုံပွဲဖြစ်ပါကြောင်း၊ ပြည်ခိုင်ဖြိုးပါတီသမိုင်းအစဥ်အလာများအား ပြန်လေ့လာ ဆန်းစစ်ကြည့်ပါက အသင်းကတည်းကပင် ပါတီ၏လူငယ်ရေးရာ ကဏ္ဍအား မြှင့်တင်ရေးကိုဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့်ရင်ဘောင်တန်းနိုင်ရန်အတွက် လူငယ်ထုအားကို အထူးလိုအပ်ပါကြောင်းစသည့်အချက်များကိုအသေးစိတ်ပြောကြားခဲ့ပါသည်။
အစီစဥ်အရပြည်ခိုင်ဖြိုးပါတီ၏ ( အောက်မြန်မာပြည်)လူငယ်ရေးရာတာ၀န်ခံ ဒေါ်သိင်္ဂီ၀င်းရွှေမှ လူငယ်များ၏ အရည်အချင်း၊စိတ်ဓါတ်၊ ကြိုးစားအားထုတ်မှု ၊တွေးခေါ် မြှော်မြင်နိုင်မှုစွမ်းအားများသည် အနာဂတ်နိုင်ငံအတွက် အားများဖြစ်ရန်လိုကြောင်းနှင့်လမ်းကြောင်းမှန်ပေါ်ရောက်အောင် တည့်မတ်ပေးရမှာဖြစ်ကြောင်း၊ PCM စီမံချက်ရေးဆွဲရာ၌ ပါ၀င်သင့်သည့်အချက်များ ၊ထည့်သွင်းစဥ်းစားရမည့် နည်းလမ်းများကို အခြေခံ၍ လက်တွေကျကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊တိုင်း/ ခရိုင်များမှ ကြပ်မတ် စစ်ဆေး monitoringလုပ်ဆောင်ပေးရန်၊ ဆောင်ရွက်မှုများအား KPI (Check List)ဖြင့်စစ်ဆေးမည့် အချက်များအား အသေးစိတ်ချပြရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ထပ်မံ၍ ပါတီ၏ဗဟိုလူငယ်ရေးရာတာ၀န်ခံ ဒေါက်တာအောင်မြတ်ဦးက တိုင်းပြည်ကိုတည်ဆောက်ရာတွင် အဓိအားမှာ လူငယ်မျိုးဆက်သစ်များဖြစ်ကြောင်း လူငယ်ထု၏ စုပေါင်းညီညာစွာ ပါ၀င်အားဖြည့် လှုပ်ရှားမှသာ မိမိတို့နိုင်ငံ ရင်ဆိုင် ကြုံတွေ့ ကျော်ဖြတ်ရမည့် အခက်အခဲ ပြဿနာများအားဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
အစီစဥ်အရ ရန်ကုန်တိုင်းဒေသကြီးပါတီ လူငယ်ရေးရာတာ၀န်ခံ ဒေါက်တာထွန်းထွန်း၀င်းမှ ဆွေးနွေးတင်ပြခဲ့ရာတွင် Project ကိုဘယ်လိုအကောင်အထည်ဖော်ရမည့်အချက်များ၊ လိုက်နာသတိပြုရမည့်အချက်များ၊ ကျင့်သုံးရမည့်အချက်အလက်များကို ယခင်တွေ့ဆုံပွဲများတွင်အသေးစိတ်ရှင်းလင်းပြောကြားပြီးဖြစ်ပါကြောင်း ၊မြို့နယ်/ခရိုင် သက်ဆိုင်ရာနယ်မြေ၏ ပါတီတာ၀န်ရှိသူများနှင့်အတူတကွ ပေါင်းစပ်ညှိနှိုင်း၍ အကောင်အထည်ဖော်ဆောင်နေပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာလှုပ်ရှားမှု အနေဖြင့် တိုင်း၊ ခရိုင် ၊မြို့နယ်၊ရပ်ကွက်ကျေးရွာအုပ်စု အထိကွင်းဆင်း၍ လူငယ်ထုနှင့်တွေ့ဆုံ၍ ဆွေးနွေးခြင်း ၊ သက်ဆိုင်ရာနယ်မြေများအလိုက် လူငယ်ထုနှင့်တွေ့ဆုံရာတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ဆွေးနွေးတင်ပြချက်များ၊ အများပြည်သူအကျိုးပြု လူမူပရဟိတလုပ်ငန်းများတွင်ညီညာစုစည်း၍ လှုပ်ရှားကူညီဆောင်ရွက်နိုင်ခဲ့မှုလုပ်ငန်းစဥ်များ၊ လူငယ်ထု၏စိတ်နေသဘောထားနှင့် ပါတီတွင်းပူးပေါင်းပါဝင်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ထပ်မံ၍ တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိခရိုင်များ ၊ လှည်းကူးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ တိုက်ကြီးမြို့တို့မှ လူငယ်တာ၀န်ခံများမှ Project cycle management အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ထို့နောက်တက်ရောက်လာကြသောပါတီဝင် လူငယ်များက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဆွေးနွေးခြင်း ၊အကြံပြုခြင်း ၊ တင်ပြခြင်း ၊ထင်မြင်ယူဆချက်များ စသည်တို့ကိုလုပ်ဆောင်ခဲ့ပြီး လူငယ်များ၏ ဆွေးနွေး အကြံပြု တင်ပြချက်များအပေါ် ပါတီတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လူငယ်များအား ရင်းနှီးချစ်ကြည်စွာတစ်ဦးချင်းလိုက်လံ နှုက်ဆက်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။