ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လာပို့ကျေးရွာအုပ်စု ကသတ်ကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ကနီ မတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင်ကနီမြို့နယ်လာပို့ကျေးရွာ အုပ်စု ကသတ်ကျေးရွာရပ်/ကျေးပါတီဥက္ကဋ္ဌနေအိမ်၌ ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီက ကျင်းပခဲ့သည်။

ယင်းအခမ်းအနားကို ကနီမြို့နယ်ပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ နယ်မြေတာဝန်ခံပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖ များ၊ ပါတီဝင်များတက်ရောက်ခဲ့ကြပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပြီး ဆိုင်းဘုတ်တင်ပွဲခမ်းအနား ကျင်းပခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများအား ပါတီမှထုတ်ဝေ သော အိတ်ဆောင်ပြက္ခဒိန်များနှင့် ပြည်ထောင်စုနေ့စဉ်သတင်းစာများ ပေးဝေးကာ အခမ်းအနားပြီးဆုံးခဲ့သည်။

အောင်မျိုးထွန်း(ကနီလူငယ်)