ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ထုနှင့်အမျိုးသမီးထု တွေ့ဆုံပွဲကျင်းပ

 

ရန်ကုန် မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် သန်လျင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၁နာရီက တောင်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်များမှ လူငယ်နှင့်အမျိုးသမီးထုများ တွေ့ဆုံ ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ပါတီဗဟို ကော်မတီဝင် ရန်ကုန်တိုင်းဒေသ ကြီး အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ လူငယ်ရေးရာတာဝန်ခံ ဦးမိုး ဝင်းကျော်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဒေါ်မိုးမိုးအိနှင့် ဦးအောင်ကျော်မင်း၊ ရန်ကုန် တိုင်းဒေသကြီး လူငယ်လှုပ်ရှားမှု ခေါင်းဆောင် ဒေါက်တာဇော် လင်းပြုံး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦးနှင့်ခရိုင်ကော်မတီ ဝင်များ၊မြို့နယ်ပါတီဥက္ကဋ္ဌများ၊ လူငယ်များနှင့်အမျိုးသမီးထုဝင် များ တက်ရောက်ကြသည်။

အစီအစဉ်အရ ပါတီဗဟို ကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာ တာဝန်ခံဒေါ်စန်းစန်းဝင်း၊လူငယ် ရေးရာတာဝန်ခံဦးမိုးဝင်းကျော်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်ကျော်မင်း၊တိုင်းဒေသကြီး လူငယ်လှုပ်ရှားမှုခေါင်းဆောင် ဒေါက်တာဇော်လင်းပြုံး၊ ခရိုင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးအေးမြင့်၊ ခရိုင်လူငယ် ရေးရာတာဝန်ခံ ဦးရန်နိုင်ရွှေ တို့က မိမိတို့သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးပြောကြား ကြပြီးခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင် ဦးက နိဂုံးချုပ်အမှာစကားပြော ကြားပြီးတွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)