ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှု

ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်၌ ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၀၉း၃၀ နာရီအချိန်တွင် ဖံဖကျေးရွာနှင့် ကော့မုပွန်ကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင် မိဘပြည်သူ များနှင့်တွေ့ဆုံ မဲဆွယ်စည်းရုံးခဲ့သည်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းမှ “ မိမိအား မဲဆန္ဒရှင် မိဘပြည်သူများလက်ဝယ် အပ်နှံပါကြောင်း၊ မဲဆန္ဒရှင် မိဘပြည်သူများသည် ကိုယ်ထက်တတ်လို့ ကိုယ်စားလှယ်ရွေးရ တာဖြစ်ကြောင်း ဒီကျွန်းကို အများနဲ့ တန်းတူ ကိုယ့်ဒေသအခွင့်အရေးရဖို့ ကိုယ်စားလှယ်ကိုခိုင်းရမှာဖြစ်ကြောင်း၊ မိမိအနေဖြင့် အများပြည်သူများ၏ ခိုင်းစေခြင်းကိုခံယူလိုပါကြောင်း ခိုင်းခံရ မှာကြောက်ရင် ဒီလိုရာရောက်မဲဆွယ်နေမှာမဟုတ်ပါကြောင်း၊ ကိုယ်စား လှယ်ဆိုသည်မှာ အစိုးရနဲ့ ပြည်သူကြား အောင်သွယ်လုပ်ပေးရတာဖြစ်ပါကြောင်း၊ ပါတီ ၅ ပါတီမှ ၅ ဦး အရွေး ချယ်ခံကြမှာဖြစ်ပါကြောင်း၊ ဘယ်သူကဘာလုပ်ပေးမလဲဆိုတာမသိပဲနဲ့ မျက်စိစုံမိတ်ပြီး မရွေးချယ်စေလိုပါကြောင်း၊ မိမိသည် စိုက်ပျိုးရေးဌာနတွင် ၃၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့၍ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အတွေ့အကြုံ အများကြီး ရှိပါကြောင်း၊ မိမိဆောင်ရွက်ခဲ့သည်မှာ တစ်ကျွန်းလုံးလဲမဟုတ် တစ်မြို့နယ် တစ်ပြည်နယ်လည်း မဟုတ် တစ်နိုင်ငံလုံးမှာရှိတဲ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းနှင့်ပါတ်သက်၍ ဆောင်ရွက်ပေးခဲ့သော အတွေ့အကြုံ များပင်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ကိုယ်စားလှယ်ဖြစ်မှသာ လုပ်ပေး၍ရမည်ဖြစ်ပါကြောင်း၊ ကိုယ့်ဒေသ ဖွံ့ဖြိုး တိုးတက်အောင် လုပ်တတ်၍ လုပ်ပေးလို၍ လာရောက်မဲဆွယ်ခြင်းဖြစ်ပါကြောင်း” စသဖြင့် ပြောကြား၍ မဲဆွယ် စည်းရုံးခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းသည် မဲဆန္ဒရှင်များ၏ မေးမြန်းဆွေးနွေးမှုများအား ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

# ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်