႐ုရွား-ယူကရိန္းပဋိပကၡ အဆုံးသတ္ေရး သေဘာ တူညီရန္ အခြင့္အလမ္းမ်ားစြာရွိေသာ္လည္း ၿငိမ္း ခ်မ္းေရးေဆြးေႏြးရန္ အေမရိကန္က သေဘာတူညီမႈမရွိ

ေအာက္တိုဘာ ၂၄

႐ုရွား-ယူကရိန္းပဋိပကၡ အဆုံးသတ္ေရး သေဘာတူညီရန္ အခြင့္အလမ္းမ်ားစြာ ရွိေသာ္ လည္း ၂၀၂၂ ခုႏွစ္ မတ္လတြင္ ႐ုရွားႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ မျပဳလုပ္ရန္ ယူကရိန္းကို အေမရိကန္နိုင္ငံက တားျမစ္ထားေၾကာင္း ဂ်ာမနီအဓိပတိေဟာင္း ဂ်ာဟာ့ဒ္ရွာရိုဒါက ေျပာ ၾကားသည္။

ယူကရိန္းသမၼတ ဇီလန္စကီး၏ ကိုယ္စား လွယ္မ်ားသည္ ေနတိုးအဖြဲ႕ဝင္ျဖစ္ရန္ ႀကိဳးပမ္းမႈမ်ားကို ရပ္တန႔္ခဲ့ျခင္းစသည့္ အေရးႀကီးေသာကိစၥရပ္မ်ားႏွင့္ပတ္သက္ၿပီး ပြင့္လင္းစြာေျပာၾကားခဲ့ေသာ္လည္း အေမရိကန္နိုင္ငံက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားက်င္းပရန္ သေဘာတူညီမႈ မရွိခဲ့ေၾကာင္း ဂ်ာမနီ၏အဓိပတိေဟာင္း ဂ်ာဟာ့ဒ္ရွာရိုဒါက ဂ်ာမနီနိုင္ငံ၏ Berliner Zeitung သတင္းဌာနႏွင့္ အင္တာဗ်ဴးတစ္ရပ္တြင္ ေျပာၾကားခဲ့သည္။

“ယူကရိန္းေတြက ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ သေဘာမတူၾကဘူး။ ဘာလို႔လဲဆိုရင္ အေမရိကန္က ခြင့္မျပဳလို႔ေပါ့” ဟု ဂ်ာမနီ၏အဓိပတိေဟာင္း ဂ်ာဟာ့ဒ္ရွာရိုဒါက ဆက္လက္ေျပာၾကားသည္။ ဂ်ာမနီ၏ အဓိပတိေဟာင္း ဂ်ာဟာ့ဒ္ရွာရိုဒါသည္ ႐ုရွား – ယူကရိန္းအေရးကို ၾကားဝင္ဖ်န္ေျဖေပးရန္နိုင္ငံတကာ၏ တိုက္တြန္းျခင္းခံထားရသူ တစ္ဦးျဖစ္သည္။

အလားတူ ယူကရိန္းအက်ပ္အတည္း ေျဖရွင္းေရးဆိုင္ရာ ႀကိဳးပမ္းမႈမ်ား ေအာင္ျမင္မႈမရွိေစရန္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဘာရစ္ဂၽြန္ဆင္ကို ယူကရိန္းနိုင္ငံသို႔ ေစလႊတ္ကာ ၿငိမ္းခ်မ္းေရးႏွင့္ ေဝးကြာေစရန္ အကြက္က်က် စီစဥ္ခဲ့ေၾကာင္းလည္း အေမရိကန္သမၼတေလာင္း ေရာဘတ္ကေနဒီ ဂ်ဴနီယာက ဇြန္လတြင္ ေျပာၾကား သည္။

ယူကရိန္းကိစၥႏွင့္ပတ္သက္၍ အေနာက္နိုင္ငံမွ တာဝန္ရွိသူမ်ားက ေစ့စပ္ညႇိႏွိုင္းရန္ အဆင္ သင့္ျဖစ္ေနၿပီဟု အေနာက္နိုင္ငံ တာဝန္ရွိသူမ်ားက အရိပ္ အႁမြက္ေျပာၾကားခဲ့ေၾကာင္း ႐ုရွားသမၼတ ဗလာဒီမာပူတင္က ေအာက္တိုဘာ ၁၉ ရက္တြင္ မွတ္ခ်က္ျပဳ ေျပာၾကားသည္။

ယူကရိန္းနိုင္ငံကို လက္နက္မ်ား ေထာက္ပံ့ ေပးကာ စစ္သည္မ်ားအား ေလ့က်င့္ေပးျခင္းျဖင့္ အေနာက္နိုင္ငံမ်ားက ယူကရိန္းစစ္ပြဲတြင္ တိုက္ ရိုက္ပါဝင္လာသည္ဟု ေမာ္စကို ထိပ္တန္းအရာရွိမ်ားက စြပ္စြဲေျပာၾကားသည္။

အေနာက္နိုင္ငံမ်ား၏ ထိုကဲ့သို႔ေသာ ေဆာင္ ရြက္ခ်က္မ်ားသည္ ႐ုရွားနိုင္ငံ၏ ခ်မွတ္ထားသည့္ ရည္ မွန္းခ်က္မ်ားကို ရပ္တန႔္သြားမည္ မဟုတ္ေၾကာင္းႏွင့္ ယူကရိန္းကို လက္နက္တပ္ဆင္ျခင္းသည္ စစ္ပြဲကို ပိုမိုၾကာရွည္ေစမည္ျဖစ္ေၾကာင္း ၎တို႔က သတိေပးေျပာၾကားသည္။

========================

ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး သဘော တူညီရန် အခွင့်အလမ်းများစွာရှိသော်လည်း ငြိမ်း ချမ်းရေးဆွေးနွေးရန် အမေရိကန်က သဘောတူညီမှုမရှိ

အောက်တိုဘာ ၂၄

ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး သဘောတူညီရန် အခွင့်အလမ်းများစွာ ရှိသော် လည်း ၂၀၂၂ ခုနှစ် မတ်လတွင် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု မပြုလုပ်ရန် ယူကရိန်းကို အမေရိကန်နိုင်ငံက တားမြစ်ထားကြောင်း ဂျာမနီအဓိပတိဟောင်း ဂျာဟာ့ဒ်ရှာရိုဒါက ပြော ကြားသည်။

ယူကရိန်းသမ္မတ ဇီလန်စကီး၏ ကိုယ်စား လှယ်များသည် နေတိုးအဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းမှုများကို ရပ်တန့်ခဲ့ခြင်းစသည့် အရေးကြီးသောကိစ္စရပ်များနှင့်ပတ်သက်ပြီး ပွင့်လင်းစွာပြောကြားခဲ့သော်လည်း အမေရိကန်နိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန် သဘောတူညီမှု မရှိခဲ့ကြောင်း ဂျာမနီ၏အဓိပတိဟောင်း ဂျာဟာ့ဒ်ရှာရိုဒါက ဂျာမနီနိုင်ငံ၏ Berliner Zeitung သတင်းဌာနနှင့် အင်တာဗျူးတစ်ရပ်တွင် ပြောကြားခဲ့သည်။

“ယူကရိန်းတွေက ငြိမ်းချမ်းရေးဆွေးနွေးဖို့ သဘောမတူကြဘူး။ ဘာလို့လဲဆိုရင် အမေရိကန်က ခွင့်မပြုလို့ပေါ့” ဟု ဂျာမနီ၏အဓိပတိဟောင်း ဂျာဟာ့ဒ်ရှာရိုဒါက ဆက်လက်ပြောကြားသည်။ ဂျာမနီ၏ အဓိပတိဟောင်း ဂျာဟာ့ဒ်ရှာရိုဒါသည် ရုရှား – ယူကရိန်းအရေးကို ကြားဝင်ဖျန်ဖြေပေးရန်နိုင်ငံတကာ၏ တိုက်တွန်းခြင်းခံထားရသူ တစ်ဦးဖြစ်သည်။

အလားတူ ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ ကြိုးပမ်းမှုများ အောင်မြင်မှုမရှိစေရန် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ကို ယူကရိန်းနိုင်ငံသို့ စေလွှတ်ကာ ငြိမ်းချမ်းရေးနှင့် ဝေးကွာစေရန် အကွက်ကျကျ စီစဉ်ခဲ့ကြောင်းလည်း အမေရိကန်သမ္မတလောင်း ရောဘတ်ကနေဒီ ဂျူနီယာက ဇွန်လတွင် ပြောကြား သည်။

ယူကရိန်းကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံမှ တာဝန်ရှိသူများက စေ့စပ်ညှိနှိုင်းရန် အဆင် သင့်ဖြစ်နေပြီဟု အနောက်နိုင်ငံ တာဝန်ရှိသူများက အရိပ် အမြွက်ပြောကြားခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၁၉ ရက်တွင် မှတ်ချက်ပြု ပြောကြားသည်။

ယူကရိန်းနိုင်ငံကို လက်နက်များ ထောက်ပံ့ ပေးကာ စစ်သည်များအား လေ့ကျင့်ပေးခြင်းဖြင့် အနောက်နိုင်ငံများက ယူကရိန်းစစ်ပွဲတွင် တိုက် ရိုက်ပါဝင်လာသည်ဟု မော်စကို ထိပ်တန်းအရာရှိများက စွပ်စွဲပြောကြားသည်။

အနောက်နိုင်ငံများ၏ ထိုကဲ့သို့သော ဆောင် ရွက်ချက်များသည် ရုရှားနိုင်ငံ၏ ချမှတ်ထားသည့် ရည် မှန်းချက်များကို ရပ်တန့်သွားမည် မဟုတ်ကြောင်းနှင့် ယူကရိန်းကို လက်နက်တပ်ဆင်ခြင်းသည် စစ်ပွဲကို ပိုမိုကြာရှည်စေမည်ဖြစ်ကြောင်း ၎င်းတို့က သတိပေးပြောကြားသည်။