စားအုန္းဆီ အေျခခံလက္ကားရည္ညႊန္းေဈးႏႈန္းတစ္ပိႆာ ၄၇၂၅ က်ပ္ ျဖစ္ေၾကာင္း ထုတ္ျပန္ ေၾကညာ

ေအာက္တိုဘာ ၂၄

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ ႀကီးဌာန စားသုံးဆီ တင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီအေနျဖင့္ စားအုန္းဆီ ကမၻာ့ေဈးႏႈန္းျဖစ္ေပၚေျပာင္းလဲမႈႏွင့္အညီ ျပည္တြင္း၌ ျဖစ္သင့္ျဖစ္ထိုက္သည့္ ေဈး ႏႈန္းမ်ား ျဖစ္ေပၚေစေရး ထိန္းေက်ာင္ေဆာင္ရြက္လ်က္ရွိၿပီး စားအုန္းဆီ အဓိကထုတ္လုပ္တင္ပို႔သည့္ မေလးရွားနိုင္ငံတြင္ ျဖစ္ေပၚေနသည့္ FOB ေဈးႏႈန္းမ်ားကို ေန႔စဥ္ေစာင့္ၾကည့္ကာ သယ္ယူပို႔ေဆာင္ခ ကုန္က်စရိတ္မ်ား၊ ဘဏ္စရိတ္မ်ား၊ အခြန္အခမ်ား ထည့္သြင္းတြက္ခ်က္၍ ျပည္တြင္းေဈးကြက္၌ ေရာင္းဝယ္ေဖာက္ကားရမည့္ အေၿခ ခံလက္ကားရည္ညႊန္းေဈးႏႈန္းကို ထုတ္ျပန္ေပးလ်က္ရွိသည္။

ယခုအပတ္အတြင္း ကမၻာ့စားအုန္းဆီ ထုတ္ လုပ္တင္ပို႔သည့္ နိုင္ငံမ်ားတြင္ ေဈးကြက္ႏွင့္ ေဈး ႏႈန္းျဖစ္ေပၚမႈမ်ားအရေအာက္တိုဘာ ၂၄ ရက္ မွ ၃၀ ရက္အထိ ရန္ကုန္အထိုင္ေဈး အေျခခံလက္ ကားရည္ညႊန္းေဈးႏႈန္းမွာ စားအုန္းဆီ တစ္ပိႆာလၽွင္ ၄,၇၂၅ က်ပ္ ျဖစ္ေၾကာင္း ထုတ္ျပန္ေၾက ညာထားသည္။

ထို႔ျပင္ ျပည္တြင္းေဈးကြက္အတြင္း ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း၊ ေဈးကစားရန္ ရည္ရြယ္ ခ်က္ျဖင့္ သိုေလွာင္ျခင္းႏွင့္ မသမာသည့္ လုပ္ ေဆာင္မႈမ်ား ျပဳလုပ္ပါက အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

အေျခခံလက္ကားရည္ညႊန္းေဈးႏႈန္းမ်ားကို စားသုံးသူေရးရာဦးစီးဌာန၏ Website:www.doca. gov.mm၊ Facebook Page ႏွင့္ ျမန္မာနိုင္ငံ ဆီကုန္ သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္း ၏ Facebook Page တြင္ ဝင္ေရာက္ၾကည့္ရႈနိုင္ေၾကာင္းသိရသည္။

======================

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ၄၇၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ

အောက်တိုဘာ ၂၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေး နှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေ ခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ် လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေး နှုန်းဖြစ်ပေါ်မှုများအရအောက်တိုဘာ ၂၄ ရက် မှ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက် ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄,၇၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာထားသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ် ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website:www.doca. gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။