အရည်အသွေး အာမခံချက်မရှိသော သောက်ရေသန့်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် အသိပေး ကြေညာချက်

No Drink

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အရည်အသွေး စိစစ် ထောက်ခံထားသည့် သောက်ရေသန့်များ မဟုတ်ကြောင်း တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်လျက်ရှိသော သောက်ရေသန့် အမှတ်တံဆိပ်များကို ထုတ်ပြန်ခဲ့သည်။

ယင်းသောက်ရေသန့် အမှတ်တံဆိပ်များမှာ Smart၊ KK၊ United Family၊ အေးချမ်းသာ၊ Moon Face၊ AZURE၊ Rain Cloud၊ Than Lwin၊ Prince၊ ကြည်ရတနာ၊ Mandalay၊ Fresh pH7၊ တိမ်စင်ကြယ်၊ Pure 7 တို့ဖြစ်ကြောင်း သိရသည်။

ဖော်ပြပါရေသန့်အမှတ်တံဆိပ်များသည် အစားအသောက် (သောက်ရေသန့်) ထုတ်လုပ်ရန် ထောက်ခံချက်မရှိဘဲ ဆက်လက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချကြောင်း စိစစ်တွေ့ရှိပါက အမျိုးသား အစားအသောက်ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာထားကြောင်း သိရသည်။

MOI


Leave a Reply