ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် အန်ဒီမာရေး ဗိုလ်စွဲ

Andy-Murray-Reuters

ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ဗြိတိန်က အန်ဒီမာရေးက ကနေဒါက မီလော့စ်ရိုးနစ်ကို အနိုင်ရပြီး ဒုတိယမြောက် ၀င်ဘယ်ဒန်ဖလားကို ရရှိသွားပါတယ်။

ဇူလိုင် ၁၀ ရက် ယှဉ်ပြိုင်တဲ့ပွဲမှာ မာရေးရဲ့ပြိုင်ဘက် ရိုးနစ်က ကမ္ဘာ့အဆင့် ၆ ဖြစ်ပြီး ၆-၄၊ ၇-၆၊ ၇-၆ နဲ့ မာရေးကို ရှုံးသွားတာပါ။

ပွဲချိန် ၂ နာရီ ၄၈ မိနစ် ကြာခဲ့ပြီး မာရေးက အပေါ်စီးကနေ ကစားနိုင်ခဲ့ပါတယ်။

ကမ္ဘာ့နံပါတ် ၂ မာရေးဟာ ၀င်ဘယ်ဒန်ဖလားကို ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။

မာရေးဟာ ၂၀၁၂ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် အခုတခေါက် ချန်ပီယံဖလားဟာ သူ့အတွက် တတိမြောက် ဂရန်းစလန်းဖလား ဖြစ်ပါတယ်။

(ရိုက်တာ)


Leave a Reply