ဗြိတိန်ဝန်ကြီးချုပ်နှင့် ကောင်းမွန်သည့် ဆက်ဆံရေး မရှိနိုင်ဟု ဒေါ်နယ်ထရန့် ပြော

13237878_1707756602798174_37784747029020428_n

နယူးယောက် မေ ၁၆

အမေရိကန်သမ္မတလောင်း ဒေါ်နယ် ထရန့်က ၄င်းသာ သမ္မတဖြစ်ခဲ့ပါက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေး မရှိနိုင် ဟု ပြောသည်။

ဗြိတိန်ဝန်ကြီးချုပ်သည် ဒေါ်နယ် ထရန့်ကို ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်နိုင်ငံအတွင်းသို့ မူဆလင်များ ဝင်ရောက်ခြင်းကို ယာယီပိတ်ပင်သည့် အဆိုပြုချက်နှင့် ပတ်သက်၍ ထရန့် သည် လူများကို သဘောထား ကွဲလွဲစေပြီး မှားယွင်းသည့် လုပ်ဆောင်မှုများ ဆောင်ရွက်နေသည်ဟု ကင်မရွန်းက လွန်ခဲ့သောနှစ် ဗြိတိန်ပါလီမန်၌ ပြောခဲ့သည်။ ထိုစဉ်က ကင်မရွန်းသည် အကယ်၍ ထရန့်သာ ဗြိတိန်သို့ လာရောက်ခဲ့ပါက ထရန့်ကို ကြိုဆိုမည် မဟုတ်ဟု ပြောခဲ့သည်။

ထရန့်က ”မစ္စတာ ကင်မရွန်းနဲ့ တွဲဖက်ပြီး လုပ်ငန်းတွေဆောင်ရွက်ဖို့ ကျွန်တော့်မှာ ဆန္ဒရှိပါတယ်။ ဒါပေမယ့် မစ္စတာ ကင်မရွန်းကတော့ ဆန္ဒရှိမှာ မဟုတ်လောက်ဘူး။ ပြဿနာတွေကို ကျွန်တော်နဲ့ အတူပူးပေါင်းပြီး ဖြေရှင်းဖို့ သူ့မှာ ဆန္ဒ မရှိလောက်ဘူး”ဟု ရုပ်သံအင်တာဗျူး တစ်ခုတွင် ပြောသည်။

Myanmaalinn

(ရိုက်တာ)


Leave a Reply