Windows 10 Mobile အတွက် လက်ဗွေဖတ်စနစ် အထောက်အပံ့ကို ဇူလိုင်လကုန်တွင် ဖြန့်ချိဖွယ်ရှိ

windowshello1_1020.0.0

Microsoft သည် Windows 10 Mobile အတွက် လက်ဗွေဖတ်စနစ် အထောက်အပံ့ကို Windows 10 Mobile Anniversary Update နှင့်အတူ ဖြန့်ချိသွားရန် စီစဉ်နေကြောင်း WinHEC ကွန်ဖရင့်စ်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

လက်ဗွေဖတ်စနစ်အတွက် ရွေးချယ်ထားသည့် Windows ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီ အရေအတွက်ကို မသိရှိရ သေးသော်လည်း အဆိုပါ လုပ်ဆောင်ချက်ကို အထောက်အပံ့ပေးမည့် ပထမဦးဆုံး ထုတ်ကုန်မှာ HP Elite x3 ဖြစ် ကြောင်း သိရသည်။

Microsoft သည် လက်ရှိတွင် Windows 10 Anniversary Update ကို စမ်းသပ်လျက်ရှိပြီး ၎င်းကို desktop နှင့် mobile နှစ်မျိုးစလုံးအတွက် ဇူလိုင်လကုန်ပိုင်းတွင် ဖြန့်ချိသွားရန် မျှော်လင့်ထားသည်။

Internet Journal


Leave a Reply