ဘဏ် ၁၂ ခုတွင် E-commerce Account ဖွင့်နိုင်
ဘဏ် ၁၂ ခု ထံမှာ E-commerce Account ဖွင့်နိုင်မယ်လို့ သိရပါတယ်။ MPU Website ဖြစ်တဲ့ www.myanmarpaymentunion.com မှာ မိမိကိုယ်တိုင်ဝင်ရောက် လျှောက်ထားနိုင်သလို ဘဏ်တွေမှာလည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
အဲဒီဘဏ်တွေကတော့ မြဝတီဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာနိုင်ငံ သားများဘဏ်၊ အသေးစားနှင့် အလတ်စား စက်မှုဖွံ့ရေးဘဏ်တို့ဖြစ်ပါ တယ်။ ဒါ့အပြင် ယူနိုက်တက် အမရာဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်တို့လည်း ပါဝင်ပါတယ်။
အဲဒီဘဏ်တွေမှာ MPU Card တွေနဲ့ Online မှတစ်ဆင့် ဝန်ဆောင်မှုတွေနဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူနိုင်တဲ့ E-commerce ကို ဖွင့်နိုင်မှာဖြစ်ပါတယ်။ Card ကိုင်ဆောင်သူတွေအနေနဲ့ မိမိကိုယ်ပိုင် E-mail တစ်ခုရှိရမှာ ဖြစ်ပါတယ်။ အဲဒီ E-commerce ကို၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်က စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
-ထွန်းထွန်း