ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ ချောင်းဆုံပါတီကော်မတီနှင့်တွေ့ဆုံ

 

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာ တိုးတိုးအောင် နှင့်အဖွဲ့သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ချောင်းဆုံမြို့နယ် ပါတီကော်မတီဝင် များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာ တိုးတိုးအောင်၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဌ ဦးစိုးထွန်း မြို့နယ်ပါတီဥက္ကဌ ဦးမင်းအောင်သူနှင့် မြို့နယ်ပါတီကော်မတီဝင်များ စုစုပေါင်း (၂၅) ဦး တက်ရောက်ကြပြီး ပါတီမှ ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများအား ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်န