ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဂန္တ၀ါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိတော်မူသော ဆရာတော် ဘဒ္ဒန္တပညာသာမိအား သင်္ကန်းဆက်ကပ်လှူဒါန်း

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှမြို့နယ် အတွင်းရေးမှူး ဦးဆွေဦး ဦးဆောင်၍ ပါတီကော်မတီဝင်များ လိုက်ပါလျှက် ၁၃၇၈ ခုနှစ်၊ ပြာသိုလဆန်း(၇) ရက်နေ့၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်နေ့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းတွင် ဂန္တ၀ါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိတော်မူသော ကျောက်ဆည်မြို့ ကံဦးရပ်၊ မင်းကုန်းမဟာ စာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တ ပညာသာမိအား သင်္ကန်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး