သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ေ ရးခြင်ဆေးမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ခြင်အန္တရာယ် ကင်းရှင်းရေး၊ သွေးလွန်တုပ် ကွေးရောဂါ တားဆီး ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၈နာရီခွဲ မှစ၍ စက်ဆန်းရပ်ကွက်အတွင်း ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 

၎င်းခြင်ဆေးမှုတ်ခြင်းကို မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဒေါ်လဲ့လဲ့အေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ် နှင့်အဖွဲ့များ၊ နယ်မြေတာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ ရပ်ကွက် ပါတီခေါင်းဆောင်ဦးစိုးထွန်း၊ ပါတီခေါင်းဆောင်များနှင့် အမာခံ ပါတီဝင်များ လိုက်ပါဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)