ပျက်စီးနေသောလမ်းပြုပြင်ရန်အုတ်ကျိုးများလှူဒါန်းပြီးလမ်းပြုပြင်ရာတွင် ပါဝင်လုပ်အားပေး

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၂

ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအုပ်စု၊ ဝမ်လုံးကျေးရွာကျောင်းရှေ့လမ်းမကြီးချိုင့်များဖိုရန်အတွက် အုတ်ကျိုးများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမျိုး သမီးရေးရာတွဲဖက်တာဝန်ခံ၊ ပါတီ အတွင်းရေးမှူး ဒေါ်စမ်းစမ်းအေးမှ သွားရောက်လှူဒါန်းပေးခဲ့ပြီး၊ လမ်းခင်းသည့်နေရာသို ကျိုင်းတုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအမျိုးသမီးရေးရာအဖွဲ့၀င်များက သွားရောက်လုပ်အားပေး ဆောင်ရွက်ခဲ့ ပါသည်။