စီးကရက်ထက် ပိုအဆိပ်ပြင်းတဲ့ ရှီရှား (shisha)

အခုနောက်ပိုင်းခေတ်စားလာတဲ့ ရှီရှားပိုက်တွေမှာ စီးကရက်ထက်ပိုပြီး အဆိပ်ပြင်းတဲ့ ဓာတုပစ္စည်းပါဝင်မှုပမာဏ ပိုများတယ်လို့ဆိုပါတယ်။နာရီဝက်အတွင်းမှာ သင်က ကာဗွန်မိုနောက်ဆိုဒ်တွေကို ရှီရှားပိုက်တွေကတစ်ဆင့် အဆုတ်ထဲကို ရှူသွင်းနေတာ ဖြစ်ပါတယ်။ပျှမ်းမျှအားဖြင့် ရှီရှားတစ်အိုးကို နာရီဝက်လောက်တော့ရှူလို့ရပါတယ်။

သဘောကတော့ ဆေးလိပ်တစ်လိပ်သောက်တာထက် ပိုခံတာပေါ့။ ဒီနာရီဝက်အတွင်းမှာ သင်က ကာဗွန်မိုနောက်ဆိုဒ်တွေကို ရှီရှားပိုက်တွေကတစ်ဆင့် အဆုတ်ထဲကို ရှူသွင်းနေတာ ဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ဟာ နှလုံးနဲ့ သွေးကြောတွေကို ပျက်စီးစေနိုင်ပြီး သက်လုံအားကိုလည်း ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ဆေးရွက်ကြီးပါဝင်တဲ့ ဘယ်ပစ္စည်းကိုမဆို တတ်နိုင်သလောက် အသုံးမပြုကြဖို့ ဒေါက်တာ အာယုနီ ဘန်ထ်နဂါ (Aruni Bhatnagar) က အကြံပြုထားပါသေးတယ်

ရှီရှားအိုးထဲက ရေတွေကို ပွက်ပွက်ဆူအောင်ရှိုက်ပြီး ဆေးရွက်ကြီးကြားခံထားတဲ့ ရှီရှားပိုက်တွေကမှတစ်ဆင့် အငွေအများကြီးထွက်အောင်သောက်ခြင်းက နီကိုတင်းဓာတ်ကို ပိုမြင့်တက်စေတာမို့ စီးကရက်ထက်ပိုပြီး ဥပါဒ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးရွက်ကြီးပါဝင်တဲ့ ဘယ်ပစ္စည်းကိုမဆို တတ်နိုင်သလောက် အသုံးမပြုကြဖို့ ဒေါက်တာ အာယုနီ ဘန်ထ်နဂါ (Aruni Bhatnagar) က အကြံပြုထားပါသေးတယ်။

ရှီရှားပိုက်တွေကတစ်ဆင့် အငွေ့အများကြီးထွက်အောင်သောက်ခြင်းက နီကိုတင်းဓာတ်ကို ပိုမြင့်တက်စေတာမို့ စီးကရက်ထက်ပိုပြီး ဥပါဒ်ဖြစ်စေနိုင်ပါတယ်။လူငယ်တွေတော်တော်များများကတော့ ဆေးရွက်ကြီးကို ရေတစ်ဆင့်ခံ၊ ပိုက်ကဖြတ်သန်းစေပြီး သောက်ရင် ဆေးလိပ်သောက်တာထက် ပိုအန္တရာယ်ကင်းတယ်လို့ မှားယွင်းယုံကြည် နေကြဆဲ ဖြစ်ပါတယ်။ ဒီလိုပိုက်ကနေတစ်ဆင့် ဆေးရှူခြင်းက စွဲစေတတ်ပြီး နောက်ပိုင်းမှာ ဆေးရွက်ကြီးနဲ့ ပြုလုပ်ထားတဲ့အရာတွေသာမက မူးယစ်ဆေးဝါးတွေကိုပါ သုံးစွဲလာနိုင်ဖို့ အလားအလာပိုရှိတယ်လို့လည်း သူက ကောက်ချက်ချထားပါသေးတယ်။

Ref: dailymail.co.uk “Trendy shisha pipes contain more killer toxins than CIGARETTES”

Team (ရိုးရာလေး)