မူဆယ်ကုန်သွယ်ရေးဇုန်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပတ်သက်ပြီး တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်အနီးရှိ မူဆယ်ကုန်သွယ်ရေးဇုန်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

တရုတ်သံရုံး၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသော ယင်းကြေညာချက်တွင် တိုက်ပွဲဖြစ်စဉ် များကြောင့် နယ်စပ်ကိုဖြတ်ကျော်ကာ တရုတ်နိုင်ငံထဲသို့ ဝင်ရောက်ထွက်ပြေးရသည့် မြန်မာလူမျိုးအချို့ ရှိခဲ့ ကြောင်း ဖော်ပြထားသည်။

ထိုကဲ့သို့ ထွက်ပြေးလာသည့် မြန်မာလူမျိုးများကို ဒေသတွင်း တရုတ်အစိုးရက လူသားခြင်း စာနာထောက်ထားမှု အရ လက်ခံထားပြီး ဒဏ်ရာရရှိထားသူများကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ယင်းကြေညာ ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ တရုတ်သံရုံးအနေနှင့် ယင်းအခြေအနေနှင့်ပတ်သက်ပြီး အာရုံစူးစိုက်ထားလျက်ရှိကာ ဖြစ်စဉ် တွင်ပါဝင်သော အဖွဲ့အစည်းများအနေနှင့် လိုအပ်သည့်ထိန်းချုပ်မှုများကို တင်းတင်းကျပ်ကျပ် စီမံဆောင်ရွက်ကာ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးအတွက် အမြန်ဆုံးဆောင်ရွက်ကြခြင်းဖြင့် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် ပြန်လည် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်စေလိုကြောင်းလည်း ယင်းကြေညာချက်တွင် တိုက်တွန်းထား သည်။

မြန်မာနိုင်ငံအတွင်းရှိ တရုတ်လူမျိုးများအနေဖြင့်လည်း ကိုယ်ပိုင်လုံခြုံရေး သတိရှိကြရန်နှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသသို့ ခရီးသွားလာခြင်းကို ရှောင်ရှားကြရန်လည်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးထားသည်။

# The Voice


Leave a Reply